သူရယ်ကိုယ်ရယ် နှစ်ယောက်တည်းလို့ ထင်ထားတာ။တကယ်တော့ သူရယ် ကိုယ်ရယ် နှစ်ယောက်တည်း မဟုတ်ခဲ့ဘူး။ အလွှာအထပ်ထပ်၊ သပ်တွေများ ပရပွညှပ်လို့၊တပြုံတမ၊ လူသူပရိတ်သတ် သိပ်များခဲ့တယ်။ အိပ်မက်လေးတွေထဲမှာ တိတ်တိတ်လေးသိမ်းပြီး တိုးတိုးလေးယုယခဲ့ဖူးတာလေ။အသူတရာမက နက်တဲ့ မျက်ဝန်းတစ်ခတ်မှာ ဘာမှလည်း မရှိတော့ဘူး။ ဘာမှလည်း အရာမကျန်ဘူး။ ကမ္ဘာတစ်ခုလုံးပေးခဲ့တာပါ။ ကမ္ဘာတစ်ခုလုံးကလည်း စကားတစ်စလောက် မကြီးကျယ်ပြန်ဘူး။ ဘာလို့လည်းဆိုပြီးမျက်ရည်တွေကျ၊ အသံတွေတုန်ပြီး ကိုယ့်အတွက် သိပ်ကို ကြီးကျယ်၊ ပြောလေချစ်သူ မပြောလို့မသိသူမှာ အပြစ်တွေသင့်ပြီလား၊ ဘာတွေများ လိုအပ်မလဲလို့ ကြည့်ပြီး အလုံးစုံပေးအပ်ချင်ခဲ့တာ။အိပ်မက်လေးတွေရယ်၊ မျှော်လင့်ချက်လေးတွေ၊ နောက်ပြီး ယုံကြည်ချက်ဖြစ်လာတဲ့ ယုံကြည်မှုရလဒ်တွေရောလေ၊ အင်းနော် လက်ချောင်းတစ်ချက်ခတ်က ထွက်မယ့်လေလျှင်စကားလုံးတွေနဲ့ဆို ကိုယ့်ကမ္ဘာလေးကငယ်မှာပေါ့လေ။ တစ်စုချင်းဖြိုးဖျပ်လက်စ စကားလုံးပန်းကုံးတွေက ကိုယ့်ရင်မှာ ကမ္ဗည်းနက်ပြီးမှလာရလို့ သိပ်ကိုကြာတယ်လေ။ ဟန်ဆောင်စကားတွေမဟုတ်တော့ ဆေးခါးကြီးဆန်လိုက်တာ။ ကိုယ့်မှာသကာရှိပေမယ့် နောက်ဆိုမယ့်တေးသစ်တွေကို အတူစုံဆုံးဆုံးတိုင် ယှဉ်တွဲတီးခတ်ချင်မိတော့ကိုယ့်ရင်ကို ဟင်းလင်းပဲထားကြည့်ချင်တယ်။ အထပ်ထပ်ကာပြီးမှ ပိတ်ပိတ်ဖုံး မထားရက် ဘူးလေ။မာယာတွေမပါဘဲ ကိုယ် မင်းအတွက် အလင်းပေါက်တဲ့လူတစ်ယောက် ဖြစ်ချင်တယ်။ ပွင့်လင်းမြင်သာမှုပေါ့လေ။ဘာမှမခြားဘဲ မင်းကို မြင်စေချင်ခဲ့တာပါ။
တင်းကျပ်တယ်လို့ ထင်ထားတဲ့ ကြိုးတွေကို မင်းဆီပို့ရစ်နှောင်တိုင်းကိုယ့်ကိုယ်ကိုလည်း စည်းနှောင်ခဲ့ပါတယ်။ အစတည်းက တိတ်ဆိတ်နေတဲ့ ကိုယ့်အခန်းလေးက ပိုပြီးသိုသိပ်မင်းအသံတစ်ခုပဲ မီးအိမ်လို ချိတ် နွေးခဲ့တာ။ ဘာကိုမှ မကြား၊မမြင်နေလာခဲ့တာလည်း ကြာတော့ကိုယ့်ဝသီဟာ မင်းကို ရုတ်တရက် တိတ်ဆိတ်မှုမှာ နစ်စေခဲ့ပြီ ထင်တာပဲလေ။ တလူလူလွင့်ရင်းလှနေတဲ့ တံခွန်လေးကို ယှဉ်လုယူ၊ ရပြီလည်း ဆိုရော အခန်းထဲအတင်းပိတ်၊ တယုတယလို့ ထင်ထားတဲ့ကိုယ့်အတ္တနဲ့ မွန်းကျပ်စေခဲ့ပြီ၊ ကိုယ့်မှာ ခေါင်းဆယ်လုံးမရှိဘူး။ ရုပ်လက္ခဏာကျမ်းတွေကဆိုပေမယ့် ကိုယ်က မတူခြားကွဲခဲ့ပါတယ်လေ။ ရှိတဲ့လက်ဆယ်ချောင်းလေးနဲ့ပဲ မင်းကို ထွက်ပြေးမှာစိုးလို့အရူးတစ်ယောက်လိုဖြစ် အတင်းထွေးပွေ့ မိခဲ့တာပါ။ အခုတော့ ဒဿသိပ်ဆန် အင်းလေ ဘီလူးတစ်နွယ်ကပန်းဖူးငယ်ငယ်ကို ရစ်တွယ်နှောင်လို့လည်း ပန်းပွင့်လေး ဖွံ့လှလာမယ်မှ မသေချာတာပဲလေ။ ရေမှာမျောလာတဲ့ ပုံလွှာကို ကြည့်ပြီး တောအထပ်ထပ်၊တောင်အစွယ်စွယ်ကိုဖြတ်၊ အိပ်မက်အထပ်ထပ်နဲ့ ဆက်ရင်း မတူမှန်းသိလည်း တူလိမ့်မယ်၊ တူလာလိမ့်မယ်လို့ယုံကြည်ရင်း၊ တူအောင်လည်း ကျင့်ရင်းလာခဲ့သူ အခုတော့ လေးတင်ပွဲမှာ စတွေ့၊ ကြိုးတော့ကြိုးစားခဲ့တာပဲလေကွယ်။ ကံကို အလုပ်လို့ ယုံမှတ်ပြီး မပေမယ့် ကြွရုံကြွတာတော့ ဘယ်တတ်နိုင်ဝံ့ပါ့မလဲ။လေးမဖို့သီးသန့်သပ်သပ် အကြိမ်ကြိမ်အထပ်ထပ် ရသေ့နားကပ်ကျင့်လာတဲ့ သူနဲ့တော့ ငါက ဘယ်တူပါ့မလဲကွယ်။ဘီးလူးတစ်ပွင့် ပန်းစွင့်စွင့်မြင်လို့ ရပ်ရင်းရုန့်ရူးသွားတယ်။ စိတ်ရူးနဲ့ ဖူးပေမယ့်ပွင့်လာတာ အတုတုနှိုင်းမရမယ့် မေတ္တာပန်းပွင့်ဖွားဖွားလေးပါကွယ်။ တကယ်ဆို သီတာ…. နင်မီးပုံထဲကိုငါ့ကြောင့်ခုန်ချဝံ့ခဲ့တာပါကွယ်။ နင်ဝုန်းဆို ခုန်ချပြီး ၀ုပ်ခနဲငြိမ်းမြနေဖို့ အစွယ်ဖွားဖွားဘီလူးကပန်းလိုဖူးစေ၊ ဝေစေခဲ့တာပါ။ ဇတ်စတည်းက ဘီးလူးကွက်နင်းကရလို့ ပရိတ်သတ် မျက်မုန်းကျိုး၊ဟောကြည့် လေခွင်းဝင်မြားမှန်ထိတော့ လက်ခုပ်တီး ထောပနာကြမယ်။ နင်ပျော်ပါစေ… သီတာ။ ငါ့အစွယ်နဲ့သံလျှက်သွားက နင်ချစ်သောသူကို မကြာခဏရွယ်မိပေမယ့် တစ်ချက်မှ ပျပျလေးမျှရှပ်မထိစေခဲ့ပါဘူး။နင်တောင် မသိပါဘူး… မိသီတာ။ ဟာချက်တွေ သိပေမယ့်၊ ဟာကွက်ကို မနင်းဘဲ နင့်အတွက် ပျော်စရာ၊ဟားကွက်ချည်းပဲ ရာဇ၀င်တွင်ပေးခဲ့ပါ့မယ်။ မြားကိုသိပေမယ့် မြားကိုမကြည့်ဘဲ၊ မြားကိုမြင်ပေမယ့်မြားကို မချင့်ဘဲ၊ ငါဆိုခဲ့တဲ့ စကားက မြားလားရာကို မဖယ်စေခဲ့ပါဘူးလေ။ ငါဆိုခဲ့တဲ့ သစ္စာကမြားမှန်မှာကို မကွယ်စေခဲ့ပါဘူး။ ငါဆိုခဲ့တဲ့ သစ္စာဟာ၊ ငါဆိုသွားတဲ့ စကားဟာ ငါ့နဲ့အတူပါသွားပြီသီတာ…. နင်မသိတော့ပါဘူးလေ။ ကြည့် ဘီလူးတစ်စ မျက်ရည်မှုန်းချရွာတော့ ဘယ်သူမှမငိုကြဘူး။ ကိုယ်တစ်ယောက်တည်း မျက်ရည်ဝဲလို့။ မိုက်မဲတဲ့သီတာ… မယုံကြည်လို့ ဖယ်သွားစေသူရှေ့မှာမီးပုံထဲခုန်ချသွားတယ်။ ကိုယ်မြင်တာက မီးပုံထဲက ဒဿမေတ္တာ သီတာ အေးမြနေမှာပါလေ။ မလောင်လို့ပြန်လာမှတော့ဘယ်သူက ဆင်စွယ်ပြန်သိမ်းမှာလည်း။ ယောင်္ကျားတန်မဲ့ ရာမစကားလွှဲတယ်။ သီတာအေးချမ်းပါစေကွယ်။ကိုယ်တစ်ယောက်တည်း မျက်ရည်ဝဲလို့။ တော်ပြီကွယ် ရာမဇတ်မှာ ကိုယ်လူကြိုက်လွဲတယ်ထင်ရဲ့။ ကိုယ်အပြေးအလွှားကောက်ကိုင်ကြည့်မှ ရယ်မိတယ်။အင်းနော်။ ဘယ်လိုပိုးမျှင်ကမှ မထိနိုင်တဲ့ ဒေသမှာ ဖြစ်များဖြစ်နေမလားထင်ခဲ့တာ။ ပြီးမှအရှက်ပြေပြောမိတယ်။အရူးလို့။ သူကလည်း ပြန်ပြောတယ် အရူးတဲ့။ ဒါနဲ့ပဲ သူ့ကို မျက်နှာသစ်၊ ရေချိုးပေး၊ အိပ်တော့မယ်လို့ပြောလိုက်တယ်။ အိပ်တော့မယ်တဲ့။ ကြောင်ကလေးက လက်လေးမြှောက်ပြန်ပြောတယ်။ ရယ်ရတယ်။ မနက်ခင်းနိုးထတော့သီချင်းလေးက လေလှိုင်းတွေဖြတ်လာရလို့ တိုးတိုးလေးကနေ ကျယ်လာသလား။ အင်း… ကိုယ်က စိတ်ကူးယဉ်ပြန်ပြီ။ဟိုးအရင်ရင် တစ်ရက်ရက်တုန်းက ရောက်လာတာလေ။ ကိုယ့်နှိုးစက်သံလေး မရိုးခဲ့ဘူး။ ၀ါးလုံးခေါင်းထဲဝင်ပြီး၊မြောင်းထဲစီးမျောနေတော့ ဘာမှမသိရဘူး။ အလင်းလေးက ဖွင့်ပြမှ သိခဲ့၊မြင်ခဲ့၊ ကြားခဲ့ရတာလေ။ကိုယ်သိပ်ကြိုက်တဲ့ သီချင်းလေးတွေ တစ်ခုချင်းတိုးလို့၊ ဘယ်ကနေလွင့်လာသလဲ၊ ဘယ်က တစ်ဆင့်လွှင့်နေသလဲ၊ကိုယ်အေးမြနေခဲ့တာ။ ကိုယ်သိပ်ပျော်ဖူးတယ်။ သီးသန့်လေး……..။ တစ်ပင်တည်းပျိုးလို့ ဟားသူဟားပေမယ့်တစ်ပွင့်တည်းပဲ ကိုယ်က လိုချင်တာလေကွယ်၊ လုံလောက်လွန်းနေမှပဲ။ ၀ုန်းကနဲကိုယ့်ရှေ့က ထရပ်ဖူးတဲ့ ကောင်မလေးက၀ုပ်ကနဲပဲ မီးတောက်ကြားမှာပျောက်သွားတယ်။ မှော်လူသူတွေအချင်းချင်းမှာမှ သူမက ကိုယ်ကိုပိုညှို့ယူနိုင်ရဲ့လေ။ အရင်ဟိုးငယ်ငယ်တုန်းက သူမလက်ထဲက လွင့်လာတဲ့ သစ်ရွက်လိပ်ပြာလေးကိုလည်းကိုယ်တယုတယသိမ်းထားတယ်။ လက်မှတ်လေးတွေလိုပေါ့လေ။ အတူသွားဖူးတယ်။ အတူလာဖူးတယ်။ တစ်ချိန်မှာလို့မျှော်လင့်ဖူးခဲ့တယ်။ ကိုယ်နဲ့မတော်တဲ့ အ၀တ်တွေဝတ်ရင်း၊ ကိုယ်က ကိုယ်နဲ့ မတော်တဲ့ အိပ်မက်ကိုတိတ်တိတ်လေး လွယ်ထားတာ။ ဘာမန္တန်မှ မရွတ်ဖတ်ဘဲကို ပြုံးပြုံးကြီးလွယ်ထားတာ။ ခန်းဆောင်ဝင်အစမှာကြောက်လန့်ဆုပ်ဖူးတဲ့လက်လေးက ခန်းဆောင်ထဲရောက်တော့ သွေသွေလေးကွာသွားတယ်။ အစအနောက်သိပ်သန်သူတွေကိုမတန်တဆရင်ဆိုင်ရင်း ကိုယ့်ရှေ့ဝုန်းကနဲ ထရပ်သူလေးကို ကြေမုံပြင်မှာ မမြင်ရတော့ဘူး။အိပ်မက်အိုတွေ၊ ဆေးရည်စက်တွေ၊ သင်ရိုးစာအုပ်မှာ အသစ်တွေ့ရှိချက်တွေ၊ နောက်ပြီးသူမမျက်လုံးလေးတွေ၊နောက်ဆုံးကိုယ်ကျိုလိုက်တဲ့ ဆေးရည်က ကိုယ့်အတွက် အချစ်ဖြစ်ခဲ့ပြီး၊ သူမအတွက် မသိဆေးဖြစ်ခဲ့တယ်။ “ExpectoPatronum!” ကိုယ်ရင်နဲ့ရင်းပြီး ဆုတောင်းဟစ်အော်လိုက်တော့ ငွေရောင်သမင်မလေး ထွက်ကျလာတယ်။ သူမနဲ့အတူလေ။ကိုယ်ကျင့်သားကျ ကျင့်ယူထားတာ။ သူမမျက်လုံးလေးတွေကို မမြင်ရတော့တဲ့နေ့၊ သူမမျက်လုံးစိမ်းမြမြလေးကပိုပြီး ကိုယ့်အတွက်သာစိမ်းသွားတဲ့နေ့….. မှတ်မိနေသေးတယ်။ လူဆိုတာ သ၀န်တို၊ မနာလိုတော့ရှိတာပဲလေ။ ပေါ့ပျက်ပျက်လို့ ကိုယ်မြင်တဲ့ အဲ့ဒီမျက်မှန်တပ်ထားတဲ့ ရွှတ်နောက်နောက်ကောင်ကိုကိုယ်မုန်းတယ်… လီလီ။ ကိုယ်အနှစ်နှစ်အလလ ပျိုးလာတဲ့ မှော်ပွင့်လေး ငုံစဖူးစမှ သူဆီပါသွားမှာကြောက်တယ်။ အကြောက်ကြောက်အကန်ကန်လုပ်တော့လည်း၊ ကိုပြောထွက်တဲ့စကားက မင်းကိုပါ ဆက်လက်ပက်သက်… ချစ်သူ…. မင်းသွေးဟာ ကိုယ့်ထက်တောင် ပိုပြီး သန့်ရှင်းကြည်လင် မှော်ဓာတ်ပိုဝင်ပါလိမ့်မယ်ကွယ်။အားလုံးနဲ့အတူတူမဟုတ်ပါဘူး။ ကိုယ်အော်လိုက်တဲ့ သွေးညစ်ဆိုး ဆိုတဲ့စကားက နှစ်ကာလတွေကိုပါဖြတ်ပစ်နိုင်သတဲ့လား။ အခေတ်ခေတ်တည်ဆောက်ထားတဲ့ သံယောဇဉ်တရားက ခဏတာဒေါသကို မကျော်လွှားနိုင်ဘူးလား။ကိုယ်တောင်းပန်ပါတယ်။ ရှင်းပြပါရစေဆိုတဲ့ စကားတွေလည်း အရာမထင် လေလျှင်လျှင်ပေါ့လေ။ “I’msorry.” “I’mnot interested.” “I’msorry.” “Saveyour breath.” ကိုယ့်အတွက်သူလာခဲ့ပေမယ့် ကိုယ့်ဝသီစကားကြောင့်……..၊ ဘယ်လိုမှ အစပြန်ရှာမရတဲ့ ညလေးက တစ်ခြမ်းတည်းသေသွားတယ်။အရင်တုန်းက သစ်ပင်ကြီးအောက်မှာ မိုးထက်မျှော်ရင်း အတူယှဉ်ပြီး လှဲနေကျ နေရာလေးက တစ်ခြမ်းမှာမြက်တွေရှင်သန်လို့…..၊ ကောင်းကင်ပေါ်မှာလည်း မိုးက မှောင်မည်းနက်အောင် မှုန်သွားတယ်။ဆရာတစ်ဆူဖြစ်အောင် ကြိုးစားလို့၊ တစ်ချိန်မှာလို့မျှော်လင့်လို့၊ နောက်ဆုံးမှာ မှောင်သွားလိုက်တာ။လမ်းပြကြယ်ပျောက်သူ ကိုယ့်မှာ အလွန်တရာမိုက်မဲလို့၊ အလွန်တရာ မည်းညစ်လို့… ကိုယ့်သွေးကပိုညစ်တယ်.. လီလီ။ မင်းသွေးက ဖြူစင်ခဲ့ပါတယ်။ အပြည့်အ၀လို့ အတ္တဆန်ဆန်ဂုဏ်ယူမှုက မှားခဲ့တယ်။ညစ်ထေးထေးသွေးတွေသာ ဆက်လက်စီးဆင်းနေတဲ့ကိုယ်၊ မင်းအတွက်လို့ကြားတော့ အလင်းဝင်ခဲ့ပါတယ်။အမှားတွေအတွက် အသက်နဲ့ရင်းပြီး ဘ၀ကို ပြန်ဖြန့်ခင်းတယ်။ ဓားသွားနားကပ်ပြီး ဓားကို တော်လှန်ခဲ့တယ်လေ။မင်းမရှိတော့ဘူးဆိုတဲ့ နေ့က ကမ္ဘာတွေလည်း ပြို၊ တောင်တန်းတွေ၊ မျက်ဝန်းလင်းလင်းလေး၊နောက်ဆုံးမှာ ကိုယ်ရွံ့ရွံ့ချွန်ချွန်ငိုပစ်လိုက်မိတယ်…လီလီ။ မင်းချန်ခဲ့တဲ့ ရင်သွေးငယ်ငယ်ကိုအဝေးက ငေးစောင့်ရှောက် သူဘယ်တော့မှ ကိုယ့်ကို မသိတော့ဘူး။ သူဘယ်တော့မှ ကိုယ့်ကို ချစ်ခင်မှာမဟုတ်ဘူး။ မင်းမရှိတော့ချိန်ထိ မင်းအတွက်ပြောင်းလဲရင်း….. နောက်ဆုံးမှာ ကိုယ့်အတိတ်မှားက၀ါးမြိုသွားလိမ့်မယ်လေ…။ ဘယ်သူမှ မချစ်ခင်ခဲ့တဲ့ သူရဲဘောကြောင်သူတစ်ယောက်ဟာ အခုတော့မင်းဆီက မဟုတ်တဲ့ မင်းရဲ့မျက်ဝန်းလေးကို ခဏလေးငေး………….. ။ ကိုယ်တစ်ယောက်တည်း မျက်ရည်ဝဲလို့။ဖျပ်ခနဲ… သေဆုံး၊ မဟုတ်ဘူး… မင်းဆီကို လာတာပါ။ မင်းကို တောင်းပန်ခွင့်အတွက်လေ၊ မင်းရှိမယ့်ဆီကိုကူးလာတာ။ ကိုယ်တစ်ယောက်တည်း မျက်ရည်ဝဲလို့…. စာအုပ်ကုန် ဆုံးမှ ကိုယ်သိပ်မုန်းတဲ့လူကိုအရမ်းလေးစားမိပြန်တယ်။ ဖွဖွလေးထိန်းထားရင်း အိပ်ပျော်နေတဲ့ချစ်သူကိုခိုးငေးနေမိတယ်။ ကိုယ့်ပခုံးကို နဖူးလေးနဲ့ထိ အိပ်ပျော်နေပြီလေ။ ကိုယ်က စာအုပ်ကို ဖတ်ပြနေတာ။အဲ့ဒီကောင်ငယ်မလေးက စိတ်ဝင်တစားအိပ်နေပြီ။ ကိုယ်မလှုပ်ရဲဘူး။ ချစ်သူနိုးသွားမှဖြင့်။ခုံတန်းလေးမှာ ထိုင်ရင်း၊ အသက်လေးကိုတောင် တိုးတိုးလေးပဲ ရှုတယ်။ သူမငြိမ်းငြိမ်းချမ်းချမ်းအိပ်ပါစေကွဲ့။အိပ်နေခိုက်မှာ… လူသားဟာ၊ စိတ်ညစ်ညူးစရာမရှိဘူး။ ငိုစရာတွေ၊ ၀မ်းနည်းစရာတွေ ဘာမှ မသိတော့ဘူး။အဲ့ဒီတော့ အိပ်နေပါကွယ်။ စောစောထပြီး လမ်းလျှောက်ချင်သူလေးက ပင်ပန်းတော့ ပြန်အိပ်နေတယ်။ကြည့်… ဒီကောင်မလေးက အိပ်နေတော့လည်း ချစ်ဖို့ကောင်းတာပဲ။ တကယ်။ သူမကို သတိရရင် ကိုယ်ပခုံးလေးကိုစမ်းမိတယ်။ ဟုတ်တယ်။ သူမ စိတ်ညစ်လာရင်လည်း ဒီပခုံးလေးပဲ မီပြီး ၀မ်းပန်းတနည်းငိုတာပဲ။ကိုယ်က တိတ်ပါကွယ်ကလွဲရင်လည်း မချော့တတ်ဘူး။ အသာလေးဖက်ထားပြီး ကျလာတဲ့မျက်ရည်ကို မနည်းထိန်းရတယ်။ဟုတ်တယ်လေ.. သူမငိုနေရင် ကိုယ်က နှစ်သိမ့်ပေးရမယ်။ လိုက်ငိုလို ဘယ်ဖြစ်မလဲ။ ဒါပေမယ့်လည်းကိုယ်တိတ်အောင် မချော့တတ်ပြန်ဘူး။ မျက်ရည်လေးတွေကို သုတ်ပေးပြီး… ပြန်လည်ကြည်လင်လာတဲ့သူမမျက်ဝန်းလေးကို ပဲ စိုက်ကြည့်ငေးနေမိတယ်။ အတင်းဖိကိုက်လိုက်တော့ … သူမသွားပဲနာသွားတယ်။စိတ်ဆိုးလက်စ မေ့ပြီး သူမမျက်ရည်လေးဝဲလို့။ ဒီလိုပဲလေ… သူမစိတ်ဆိုးရင်လည်း လက်မောင်းကိုကိုက်တာပဲ။ ပျော်ရင်လည်း ကိုက်တာပဲ။ ဘာမှန်းလည်း မသိဘူး။ သိပ်တော့လည်း မနာပါဘူး။ ဒါပေမယ့်လည်းတခါခါတော့ တကယ်နာတာ။ ကိုယ်မအော်ဝံ့ပါဘူး။ သူမက ချစ်လို့ကိုက်တာပဲဟာ။ ဟောကြည့် ပြန်တွေးမိတော့ပျော်လာပြန်ရော။ လွမ်းတယ်ဆိုတာ ပြောင်းကြည့်တတ်ရင် ပိုချစ်ဖို့ချည်းပဲကိုး။ သိပ်ချစ်ပါတယ်…ချစ်သူ။ ရေးတတ်သမျှတွေနဲ့ ပြောတတ်သမျှတွေက ကိုယ့်ရင်ထဲကကို ထုတ်မပြတတ်ကြဘူး။ တကယ်ပါ…ဘာနဲ့မှ နှိုင်းမရအောင်ကိုပါ။ တစ်ယောက်က ကမ္ဘာတစ်ခြမ်းမှာ နေကို ကြည့်ရင်း၊ တစ်ယောက်ကကမ္ဘာတစ်ခြမ်းမှာ လကို ငေးရင်း…. တတိတိဝေးနေတယ် မထင်စမ်းပါနဲ့ကွယ်။ တရိပ်ရိပ်နီးလာတယ်မြင်ကြည့်စမ်းပါ။ ကိုယ်တစ်ယောက်တည်း အခန်းတံခါးပိတ်ပြီးနေတယ်လို့ မသိသူတွေထင်ကြတာ ထင်ပါစေကွယ်။တကယ်က ကိုယ်က မင်းနဲ့ရှိနေတာ။ ဟုတ်တယ် ချစ်သူ… ကိုယ်မင်းနဲ့ စကားတွေပြောနေတာ။ မင်းကိုရင်ထဲမှာ ထားပြီး ပြောနေတာ။ ဒီလိုနေကျင့်များတော့ တကယ်လက်တွေ့နဲ့ဝေးကွာ… မင်းကို ပစ်ထားမိပြီထင်ပါ့ကွာ။ကိုယ်အတွေးထဲက ပြောတဲ့စကားကို အပြင်လက်တွေ့မင်းက ဘယ်သိပါ့မလဲ။ စိတ်ကူးကို အပြင်ထုတ်မင်းသိအောင် ဘယ်လိုလုပ်ရပါ့မလဲကွယ်။ ကိုယ့်အတွက်တော့ ကြာလေ ရင့်လေ… အရူးလေပွေဖြစ်နေပါပေါ့။ဝေးတစ်မြေခြားနေခိုက်မှာ အရာရာကို ကြောက်နေမိတယ်ကွယ်။ ဝေးတစ်မြေခြားသူချင်းမှာမှ ဧရိယာပြင်ပဖြစ်နေတော့ကိုယ်… လွမ်းရတာတောင် အထိတ်ထိတ်လန့်၊ တော်သေးတယ်ကွယ် ကိုယ်ချစ်သူလေး အရာရာအဆင်ပြေလို့။ ချစ်သူ…ရေ………. လွမ်းတယ်လို့ပြောချင်တဲ့အခါ…. ချစ်တယ်လို့ပြောချင်တဲ့အခါ…. ဆက်ရေးမရတော့လည်းစာမျောကြီးဖြစ်လို့ ဒီနေရာမှာရပ်…. ကျွန်တော့်ခေါင်းက ဘာမှမထွက်တာကြာပြီကောလေ…………………… ဘုန်းသန့်ခန့် P095017DEC12+00UMT
0 Comments
နှင်းနုတွေက ဟူးဟူးမြည်ရင်း တောင်ပေါ်ဒေသလေးဆီ ခုန် ဆင်း နေ ကြ........ "မြန်မာမြင်းခင်းသဘင်လ"ရဲ့ လမင်းကြီးဝိုင်းပြီးနောက် တစ်ဆယ့်တစ်ရက်..... "အရှေ့တိုင်း လပြက္ခဒိန်"မှာ တတိယမြောက်နှစ်... "အီဂျစ်"တို၏ ပထမလ ... Appolo ကိုယ်စားပြုနေ့....... စက်နာရီ လေးချက်တီးကျော်..... မြူလွင်ဖူးတဲ့ မနက်ဦး.......... အဲဒီ သက္ကရဇ်ဆီကို မိုင်တိုင် နှစ်ဆယ့်နှစ်တိုင် ဖြတ်ပြီး လူငယ်တစ်ယောက် ပြန်ရောက်သွားတယ်။ ပန်းတွေကတော့ တစ်ဖူးပြီးတစ်ဖူးပွင့်လို့.... ရဲရဲနီသွေးစက်တွေတောင် မာန်ဆက်မဆူဝံ့ဘဲ ကြည်လွင်ဖြူပေးလိုက်ရပြီ.... ရွှေပလ္လင်မှာ စံမည့်သူလည်းပါမယ်။ လမ်းပေါ်မှာ ပျံမည့်သူလည်းပါမယ်။ ရဲရင့်တောက်မည့်သူလည်း ပါတယ်။ ပြဲပြဲကြောက်မည့်သူလည်းပါဦးမယ်။ အားလုံးဝိုင်းပြီးလင်းထားတဲ့အတွက်.... ပြဇတ်အဖွင့်သီချင်းတွေဟာ သိပ်တော့မရိုင်းခဲ့လောက်ပါဘူး။ အမှတ်(၇) ဘူတာလေးဟာ ပန္နတ် စပြီးထူနေပေါ့.......။ နောင်တစ်ခေတ်မှာ လင်းသင့်သလောက်လင်းနိုင်ပါစေ..........ညီ။ ဟိုးမှာ..... ပြကွက် (၁) မြေနီကွင်းပြင်ထက်မှာ ပုံလျှက်လဲကျနေတဲ့ မုန့်အိပ်ခွံလေးများ..... ခြေလှမ်းလေးတွေက မညှာမတာချန်ထားခဲ့တယ်။ ခြေဖ၀ါးလေးတစ်စုံသာ ရပ်တန့်အံကိုက်..... "လာ.......ဖြူလုံး........ငါနဲ့ .........အိမ်ထဲကိုပဲ ပြန်လိုက်ခဲ့တော့..." ပြကွက် (၂) သူ့ထက်ရှည်တဲ့ သစ်သားတုတ်ကြီးက ကြီးတောင့်ကြီးမားပေမဲ့ သူခေါ်တော့ပါလာတယ်။ သူ့ရှေ့မှာ ရပ်နေတဲ့ ၀လုံးတန်းရဲ့ အကြီးဆုံးကောင်ကြီးကတော့ "ဘာလဲဟ"ဆိုတဲ့ဟန်နဲ့... နောက်မှ သိသွားရှာတယ်....ငါ့ခေါင်းက သစ်သားပြားကြီးလောက် မမာပါလားဆိုတာ။။။။။။။။။။။။။။။ အနီစက်တွေ ရဲ့ဖြာ... "မင်း..နောက်..ငါ့ကို ဘယ်တော့မှ လာအနိုင်မကျင့်နဲ့။။" သူ့အရုပ်လေးကို အေးအေးဆေးဆေးပဲ သူပြန်ယူလာလိုက်တယ်။ ပြကွက်(၃) စာအုပ်တွေကြားမှာ ပိုးဟပ်တွေနဲ့ အပြိုင်ကူးခတ်မိချင်းမက ကူးခတ်တတ်လာတဲ့...လူကလေး... "ညီ..မင်းအခု လျှောက်လမ်းအမှတ် (၂၅)ကို ရှာတွေ့သွားပြီ" ပြကွက်(၄) ကြည်လွင်သွားတဲ့ လက်ချောင်းလေးတွေဟာ ပြကွက် (၁) နဲ့ (၂) ကို မီးရှို့ဖျက်သိမ်းလိုက်ပြီ။ "ဟုတ်တယ်ညီ။ ....ထည့်ထားသမျှ ထုတ်ချပစ်ခဲ့။သယ်ထားရင် လေးလံလှပါရဲ့.." ပြကွက်(၅) ၀ပ်ကျောင်းတံတိုင်းပေါ်မှာ၊ စေတီအို ရှေ့မှာ၊ ပလက်ဖောင်းထက်မှာ၊ တောင်ပေါ်ကွင်းပြင်မှာ... ရင်ငြိမ်းရာကို လေဟုန်နဲ့ရှာနေတဲ့...အဖြူအစိမ်းဝတ်စုံလေး.... "ညီ..မင်းကမင်းကိုယ်မင်း သိပ်မေ့ထားလွန်းတာကိုး.." ပြကွက် (၆) ပန်းပျိုးသူကောင်းတွေဟာ ရွံနွံဟောင်းတွေဖယ်ချပြီး ရင်သြဇာလောင်းကာ ပန်းတစ်ငုံကို ကောင်းကောင်းကြီး ပွင့်အာဖို့ အင်အားတွေပေးနေတယ်။ "ညီ...ဒီတံခါးကို ဘယ်လိုလက်တွေနဲ့ ခေါက်လေမလဲ။" ပြကွက် (၇) တံခါးတစ်ချပ်က ပွင့်ခဲ့ပြီးပြီ။နောက်ထပ်တံခါးချပ်များစွာက ဆီးကြိုလို့။ ....ဒီလိုနဲ့ပဲ ....ပတ္တမြားတွေ တဖြေးဖြေးပါးလာနေတဲ့မြေကနေ.....အရိုင်းတစ်ပွင့်...ဟာ ပင်လယ်အစုံစုံတို့သည် ၀င်္ကမ္ဘာ၀တ်စုံဖြင့် ကျွန်ုပ်ကို ကမ်းလင့်ကြိုချင်ကြိုနေပါလိမ့်မည်။တည့်တည့်လျှောက်မှ ရောက်မည့်လမ်းများကို မမြင်ဖူးချင်ပါ။စိတ်ကူးတည့်ရာသို့ လေလိုလွှင့်ပါမည်။ကြွေရက်ရော်လို မလွင့်ပါ။မရင့်ကျက်သေးကြောင်းသိနေလျှင် သွန်သင်ပေးပါ။ကျင့်သုံးကြည့်ပါမည်။ဘောင်မချပါနဲ့။မလိုက်နာနိုင်ပါ။လဲကျသွားလျှင်ကူ၍ ထူချင်မှထူပါ။မထနိုင်လို့နင်းချခဲ့ချင်လည်းနင်းချသွားပါ။ကျွန်တော်သည် အတ္တကို ရေခဲရိုက်မထားတတ်ပါ။iငယ်လွန်း၍ ထောင့်တွေမကျိုးသေးဟု မတွေးပါနှင့်။ကျွန်တော်သည် ခုနှစ်နားညီချင်ခဲ့သော ဗဟုဂံတစ်ခုသာ ဖြစ်ပါ၏။ "တောင်တန်းကြီးဖြစ်ပါရစေ"ဟု ဆုမတောင်းဖူးပါ။မြင့်မားမှု့၏စံကို နားမလည်ခဲ့သဖြင့် သူတစ်ပါး၏မြင့်မားမှု့များကိုလည်း ၀န်မတိုခဲ့ပါ။ဘာမှမသိသောလူဟူ၍ လောကတွင် ကိုယ်တစ်ဦးတည်းသာ ရှိပါသည်။လွင့်လူးရုန်းကန် ကိုယ့်ကြောင့်ဘယ်သူမှ ခဲမမှန်ခဲ့လျှင် နေပျော်ပါပြီ။မွေးဖွားစကတည်းက တစ်ကိုယ်ရည်တစ်ကာယဖြစ်ခဲ့ရသဖြင့် မကြောက်တတ်ခဲ့ပါ။မှောင်မိုက်ညများတွင်သာ အဝေးမြို့လေးကိုတမ်းတမိပါ၏။ အချိန်တန်၍ သီးကြပွင့်ကြသူတို့ကိုကြည့်၍ အံ့သြမိဖူးပါသည်။ထိုစဉ်ကမှု အချိန်မတန်သေးသော ကိုယ့်အဖြစ်ကို မသိတတ်သေးပါ။ညနေရီတစ်ခု၏ စက္ကန့်တစ်ချို့တွင် လွင့်လွင့်ေ၀၀ါးစွာ နှင့်ပင်နေကြည့်ခဲ့ပါ၏။ဘ၀တူအိပ်မက်များကို လဲလှယ်၊ ထိုင်နေကျလက်ဖက်ရည်ဆိုင်လေးသည် လှခဲ့ပါသည်။သို့သော် ထိုင်နေကျဆိုင်လေးထဲမှ ထိုင်နေကျဝိုင်းလေးတွင် ထိုင်နေမကျသူများ ထိုင်နေကျသွားကြသောအခါ .....။ကိုယ်တို့ စကားမဲ့လာကြတာလား....ကိုယ်သာစကားမဲ့ သွားရတာလား...... အိမ်ပေါ်ထက်မှ ညများတွင် ကောင်းကင်တော်ထဲတလွင့်လွင့်ဝဲနေသော ကြယ်ပွင့်မွှားမှုန်များကို ကြည့်ကာ စကားလုံးလေးများ တပွက်ပွက်ဆူမိလာသည်။မလှမ်းမီသော "လ" ကို ကြည့်ငေးကာ နံရံထက်တွေက Graffiti တွေနှင့်ပင် ဝေးကွာသွားခဲ့ပြီ။လမ်းပေါ်သို့ ခုန်ဆင်းထွက်လာမိသော်လည်း လမ်းပေါ်မှာ ပုံရိပ်သည် အခိုးအငွေ့သွင်ပြင်နဲ့ ဝေ့၀ါး။ ညများနေ့များတွင် ဖွေရှာနေမိသော်လည်း ဘာကို ရှာနေမိပါသလဲ။ လုပ်ဆောင်ချက်တို့ မလစ်ဟင်းခဲ့သော်လည်း၊ ဟာလာဟင်းလင်း...... ငါ............ မေမေ့ကို လွမ်းနေတာလား။ ဒါပေမဲ့....ဒါပေမဲ့တစ်နေ့ အ၀ါရောင်ဝတ်ရုံလွှာနဲ့ မင်းကို ဖူးတွေ့လိုက်ရတဲ့.................... အဲဒီတစ်နေ့....................... >> "ကျွန်တော်နှင့် တရွေ့ရွေ့နီးကပ်ရာသို့ မည်သည့်အချိန်မှ စတင်ပြီး သူလာခဲ့ပါသနည်း။ကျွန်တော်မသိခဲ့ချေ။ နေ၀န်းနှင့် ကြယ်ရူးပျောက်များကလည်း သူ့ကို ကျွန်တော်မမြင်အောင် သိုဝှက်နိုင်ခြင်းမရှိခဲ့။ နံနက်ဦးပေါင်းများစွာ၊ ညနေရီပေါင်းများစွာ သူ့ခြေသံကို ကျွန်တော်ကြားနေရသည်။ ကျွန်တော့်နှလုံးအိမ်ထဲသို့ သူ့စေတမာန် ၀င်ရောက်လာ၏။ ထို့နောက် ကျွန်တော့်ကို တိတ်တိတ်ကလေးခေါ်လေသည်။ ထိုသောနေ့မှာမှ အဘယ့်ကြောင့် ကျွန်တော့်ဘ၀သည် လှုပ်လှုပ်ယိမ်းယိမ်း ဖြစ်ရပါသနည်း။ ပျော်ပျော်လွင့်လွင့် တုန်ရီခံစားမှုတို့ကလည်း အဘယ့်ကြောင့် ကျွန်တော့်နှလုံးအိမ်ကို ဖြတ်ဖောက်စီးဆင်းသွားပါသနည်း။ ကျွန်တော်မသိချေ။ အိမ်ပြန်ရမည့် အချိန်မှာပင်လျှင် လေမှာစီးပျံသော ချစ်သူရနံ့ကို သန့်သန့်ကလေး ရနေလေတော့၏။">> သေချာသွားပါပြီ။ ကျွန်တော် မေမေ့ကို မလွမ်းတာ သေချာသွားပါပြီ။ ကျွန်တော်...ချစ်သူကို တမ်းတ.... ညတွေတိုင်း မက်မက်မောမော လွမ်းလျနေပါသည်။ "ညီ..ခေတ်ပြောင်းကာလဆိုတာ ခဏတော့ကြမ်းမှာပေါ့" ဘာပဲဖြစ်ဖြစ် ချစ်သူကို တွေ့ခွင့်ရခဲ့ခြင်းနဲ့ပင် ကျေနပ်ကြည်နူး မင်းမသိလည်းငါရူးနေပါရဲ့ .....၀တ်မှုန်။ ပြကွက် (----) အမှတ် (၇) ဘူတာက ထွက်လာတဲ့ ရထားတစ်စင်းဟာ ရှေ့ဆက်သွားဖို့ မိုင်တိုင်အမှတ် (၂၂) မှာ ခဏရပ်တန့်စဉ်းစား.....လျှောက်လမ်းအမှတ် (၂၅) ပေါ်မှာ ကားယားကြီးခွရပ်ရင်း ရပ်တန့်စဉ်းစား...... တကယ်တော့ ဘ၀ဆိုတာ...... တကယ်တော့ ဘ၀ဆိုတာ...... တကယ်တော့ ဘ၀ဆိုတာ...... "ကဲပါညီရယ် တစ်ခြားအကြောင်းပဲ ပြောကြပါစို့။ ဥပမာ။ ။ မဖြေဖြစ်ခဲ့သော စာမေးပွဲတွေအကြောင်း။ မလှန်ကြည့်ချင်တဲ့ ၀ှက်ဖဲတွေအကြောင်း။ ....................................................... ပြီးတော့...ချစ်သူ့အကြောင်း။ ပြီးတော့......."ဖွဲတစ်မှုန်ရဲ့ ရုပ်ကြမ်းပုံရိပ်" အကြောင်း။ ကဲ........စပြောကြစို့..." "ဟုတ်ကဲ့......ကျွန်တော့်ရဲ့ နိဂုံးရက်ဟာ........ ၀မ်းနည်းကျွမ်းမြေ့ဖွယ်ကောင်းလိမ့်မယ်။ နှုတ်ဆတ်ပွဲကျင်းပရာကို လာရောက်ချီးမြှေက်ချင်သူတွေများပေမဲ့...... နောက်တွန့် ငဲ့ညှာစရာတွေ၊ လှမ်းဖို့တားလက်ချောင်းတွေနဲ့ပြည့်လို့..... သေချာမှာပါ........... လက်တစ်ဖက်စာကျော်တဲ့ လူတွေကတော့..... ကျွန်တော့် အိပ်စက်သွားတဲ့ နေရာလေးကို တရင်းတနှီး သိသွားကြလိမ့်မယ်။" ဘုန်းသန့်ခန့် P011305OCT08 >> "....">> တာရာမင်းဝေ၊ ငါ့ရင်ခွင်ကြားက နှင်းဆီဓားသွားတစ်လက် မှ မနက်ခင်းမို့ထင်တာပဲ မြူ နဲ့ နှင်း မကွဲခဲ့ဘူး။ ဆော့ကစားလက်စ အိုးပုတ်ငယ်လေးထဲက ရေကျန်စက်လက်တောင်မှ တင်းမာထန်ထန်ခဲလို့ ကိုယ်တို့ဆောင်းက မြို့ငယ်ငယ်ထဲ အဲ့လိုဝင်တယ်...... အနွေးထည်အထပ်ထပ်ဝတ်ပြီး လေးထောင်ခန်းထဲမှာထိုင် အတူနွေးခဲ့ကြ၊ အတူဆော့၊ အတူကစား၊ အတူ.....၊ အတူ...... အဲ့ဒီအနွေးထည်ထူထူထပ်တွေအောက်မှာ ကျား၊မ သဘာဝက လွဲရင် အားလုံးတူတယ်ဆိုတာ ဘယ်အချိန်ထိ ငါတို့နောက်ဆုံးယုံကြည်ခဲ့တာလဲ.... ဘယ်အချိန်နောက်ဆုံး အမှောင်ချမေ့ပစ်လိုက်တာလဲ၊ မနက် ကျောင်းခေါင်းလောင်းသံအဆုံးမှာ ကိုယ်ယုံရာကြည်ရာ သို့တည်းမဟုတ် မိဘအုပ်ထိန်းသူယုံရာကြည်ရာကို ဝတ္တရားတစ်ခုလို၊ ကရားရေလွှတ်လို၊ နှစ်နှစ်ကာကာလို..... ဝပ်ပြု.....။ပြီးရင် စာတွေသင်ကြ၊ အေးခဲလို့ မနည်းလှုပ်ရေးနေရတဲ့ လက်လေးတွေရယ် ဆောင်းမနက် နေခြည်မလာမီရယ်၊ ဆရာမတစ်ယောက်ပြောတဲ့ ကျန်တဲ့ သူတွေလဲ ကိုယ့်ယုံကြည်ရာကို ဒီအချိန်မှာ ဝပ်ပြုပါဆိုတဲ့စကားရယ်..... ကိုယ့်ငယ်ငယ်ဘဝဟာ တွေးလိုက်တိုင်း ကျေနပ်..... အားလုံး တူညီ..... ပင်နယံသွားတွေ ထိခတ်ပြီး လှည့်စားတဲ့ လူလုပ်အချိန်တရားက ငါတို့ကို ဆွဲယူသွားပြီးတော့....... တစ်ချို့က တစ်ဖက်မှာ၊ တစ်ချို့က တစ်ဖက်မှာ၊ တစ်ချို့က ဟိုး ဘဝတစ်ဖက်မှာ တရကြမ်းခုတ်မောင်း မွှေဆွ၊ ထယ်သွားထိရာ မြေညိုသားတွေ လှိုင်လှိုင်ထလို့ အနယ်တွေအနှစ်တွေ.... နှစ်ချို့ပုန်း မြေဆွေးဟောင်းတွေ ဝိုင်းစက်စက်ဓားသွားတွေသုံးပြီး ခုတ်ခွဲမောင်းသွားတဲ့ လယ်ထွန်စက်လား၊ လှည့်ထွန်းစက်လား အမြစ်တွေပရပွပေါ်လို့..... ရိုးပြတ်တွေ ပြိုလို့ ပျော်သူပျော် ရိုးပြတ်မတိုင်ခင် ကောက်နှံခေတ်ကို မျှော်သူမျှော် ထယ်သွား ဝိုင်းဝိုင်းတွေကတော့ မီရာထိနှိုက်ပြီး ကျစ်စာခဲတွေကို ဖော်နေဆဲပေါ့..... ရိုးပြတ်တွေ၊ ပေါင်းပင်ပြတ်တွေကို စုပြီး ကန်းသင်းဘောင်ပေါ်တင် မီိးရှို့ရင်း မီးရှို့စချိန်ခဏတော့ မီးခိုးငွေ့အူထတာပေါ့..... ကိုယ်တို့ကတော့မမှုပါဘူး.... မီးတောက်ကြွကြွရရင် အကြမ်းအိုးလေး အနားကပ်ထား၊ ရွံ့နဲ့လုံးထားတဲ့ ငါးတွေ၊ ကောက်သင်းကောက်လက်ကျန် စားလို့ရတဲ့အသီးအနှံအဆန်အကုန် မီးထဲထည့် ဖုတ်ပြီး ကျက်ရင် လုပြီးစားကြတာပဲ..... ရိုးရာထွန်ဆွဲနွားကြီးနဲ့ ရုန်းနေတဲ့လယ်တွေယာတွေ၊ ခေတ်မီဆီနဲ့ရုန်းတဲ့ လယ်တွေယာတွေ တစ်ဖက်ရွာ ဆည်ဆောက်တော့ ယာကွက်ကနေ ချက်ချင်းလက်ငင်း အင်းဖြစ်သွားတဲ့ အဖွားရဲ့အခင်းလေးအကြောင်းကို နားထောင်ရင်း..... ကိုယ့်ရွာထိ လမ်းဖြူးဖြူးကြီး ခင်းပေးသွားလို့ သာဓုခေါ်တဲ့ ဖိုးကြီးအိုမယ်ကြီးအိုတွေကို အံ့သြအတုယူမိတယ်..... နီးရာစပ်ရာကမြေယူရင် တွက်ခြေမကိုက်လို့ လက်တံဆန့်ရင်း၊ ယူပေမယ့် ပြန်ပေးသွားမှုက အဲ့ဒီရွာလေးအတွက် အသုံးဝင်စေခဲ့ပုံကို သတိရမိရဲ့..... (ကိုယ်ကတော့ အခုထိ ရွာဝင်ရောက်မှ လမ်းကွေ့ပေးရခြင်းအကြောင်းကို တွေးမိတိုင်း ရယ်မိတုန်းပဲ) ကိုယ်ကတော့ အဖွားရဲ့အင်း တစ်ချိန်က ယာခင်းလေးထဲမှာ မွေးချင်းတစ်သိုက်နဲ့ ရေကူးရင်းပျော်လို့......... အခုတော့ အချိန်တစ်လှေ့မှာ ကိုယ်..... ပို့စ်မော်ဒန်လက်ရာတွေပရပွလူးရင်း လှနေတဲ့ ခေတ်သစ်ဂရိမြို့ပြလေးထဲမှာ ရောက်လို့၊ အားလုံးက လွတ်လပ်သွားပြီထင်မှ ကိုယ်မလွတ်လပ်တော့ဘူး၊ ကိုယ့်အမိကျောင်းတော်.... ကိုယ့်အမိမြေ..... ကိုယ့်လူမျိုးနွယ်...... ကျန်သူတွေပစ်ချထားသမျှ လိုက်ဝင်ထမ်းပေးကြတဲ့ လူငယ်တွေကို မှတ်ပုံတင်ထဲထည့်ရုံသုံးတဲ့ နာမည်ပညတ်တွေသုံးပြီး ခွဲကြလွှဲကြတာမြင်ရင် သိပ်မြင်ပြင်းကပ်မိတယ်.... မေမေ... ဒါပေမယ့် တစ်နေ့မှာ ထယ်ရေးပြီး.... ရင် ပျိုးကျဲချိန်တော့ လာရမှာပေါ့ ကျွန်တော် အမြဲယုံနေပါဦးမယ်...မေမေ ကျွန်တော့်လက်သန်းမှင်ထိရုံနဲ့ တာဝန်ကျေပြီးပြီလို့ ဘယ်တော့မှ မခံယူမိဘူး၊ ရှိသမျှ ပရမ်းပတာမှန်သမျှကို ဝုန်းဆို မိဘရင်ထဲပစ်ထည့်ပြီး လက်လေးခါထွက်သွားရမယ့်အချိန်မှ မဟုတ်တော့တာဘဲ မေမေရယ် ကျွန်တော် လူလားမြောက်နေလောက်ပါပြီ...... လက်ဦးဆရာဆိုပေမယ့် လူသားပီပီ မှားကြတာကို ခေတ်အဆက်ဆက်က စာရွက်ထပ်တွေပြပြီး ငြင်းမနေဘဲ၊ အပြစ်တွေအပြန်အလှန်တင်မနေဘဲ ဖေဖေနဲ့ မေမေ ရန်မဖြစ်တော့မယ့်နေ့ကို ကျွန်တော် ဟိုးငယ်ငယ်လေးထဲက မျက်ရည်တွေနဲ့ မျှော်နေမိတာပါ..... ကျွန်တော် ဟိုးအဝေးနိုင်ငံတွေဆီလှည့်ရင်း ဖောင်စီးကမ်းတင်ဘဝမှာ မိဘအိမ်ပြန်ရောက်ချိန် မျက်ရည်တွေပရပွနဲ့ ဝမ်းပမ်းတသာဆီးကြိုတတ်တဲ့မေမေ.... ဆုံးမနေရင်း မျက်ရည်ကို အသာထိန်းထားတဲ့ဖေဖေ.... ညီလေး၊ ညီမလေး၊ ညီငယ်လေး.... အကြီးဆုံးမဟုတ်ပေမယ့် အကြီးဆုံးဖြစ်လာတဲ့အခါ.... ကျွန်တော်တို့ တာဝန်တွေရှိလာပြီ...... ကျွန်တော့်အတွေအကြုံတွေကို နားထောင်နေတဲ့ ဖေဖေဟာ တစ်ချိန်က သူ့အတွေအကြုံတွေ၊ သူစုထားတဲ့စာအုပ်တွေ......ကို ကျွန်တော်ရင်ထဲ ဝေငှခဲ့သူဖေဖေပါပဲ..... အိပ်ရာဝင်ပုံပြင်တွေပြောရင်း ညတွေမှာ အိပ်မောကျစေခဲ့သူမေမေ.... သားသမီးတွေအတွက် အရာအားလုံးလိုလေသေးမရှိအောင် ဂရုစိုက်ရင်း.... မေမေ..... မကြာတဲ့ တစ်နေ့မှာ ကိုယ်ပိုင်နားခိုရာ အိမ်ငယ်လေးကို ကျွန်တော်တို့ တည်ဆောက်နိုင်မယ်ဆိုတာ သေချာပါတယ်၊ ဘယ်သူမှ မကျန်ခဲ့ပါဘူး မေမေ၊ ဘယ်သူမှ မကျန်ခဲ့စေရပါဘူး လူသားစစ်စစ်တွေအတွက် လွတ်လဲ့လင်းပွင့်ခွင့်ကိုသုံး ကျွန်တော်တို့ဟာ ဝုန်းကနဲမဟုတ်ဘဲ ခိုင်ခိုင်ခန့်ခန့်တည်ဆောက်ကြမှာပါ၊ ဖောင်စီးကမ်းတင်ဘဝတုန်းက ဆိုက်ကျဂိုက်ကျနေရတဲ့ ကယ်ဗင်ခန်းတွေ၊ မျောရင်းကပ်ခိုက်က နေရနားရတဲ့ သူတစ်ခြားဧည့်ဆောင်ခန်းတွေထက် ကျွန်တော်တို့လက်နဲ့ခြေနဲ့ရုန်းပြီး ဆောက်ခွင့်ရမယ့်အိမ်လေးကိုပဲ.... တမ်းတမိရဲ့လေ.... ဝန်ထမ်းအိမ်ယာအဆက်ဆက်ကို ခိုမီိရင်း..... ကျွန်တော့်ကို အခုကျွန်တော်ဖြစ်အောင် လက်လှမ်းမီရာ အသိနဲ့ အကောင်းဆုံး သွန်းဆစ်ပြီးပြီပဲ....... ကျွန်တော်နှစ်သက်ရာကို ကိုယ့်ကိုကိုယ်ထုဆစ်ခွင့် ပေးခဲ့ပြီးပြီိပဲ..... အဖေတို့အမေတို့တာဝန်ကျေပါတယ်...... တစ်ခါက ကျွန်တော်ဆိုဖူးသလိုပေါ့.... အရမ်းကြီးမမျှော်လင့်ဘဲ ကျွန်တော်တို့ကို ယုံပါ........ အရမ်းကြီးမထိမ်းချုပ်ဘဲ ကျွန်တော်တို့ကို ကွပ်ကဲပဲ့ကိုင်ပါ...... အစဉ်အလာ....၊ မိရိုးဖလာ....၊ ယုံကြည်ရာ..... ခြုံလွှာနဖူးစည်းတွေနဲ့ အမျိုးသားဆိုပြီးတစ်ပုံစံတည်းထည့်ရိုက်မယ့် မိုချက်တွေမပါတဲ့ ဖြစ်နိုင်ရင် လေးထောင့်စပ်စပ် စာသင်ခန်းအပြင်ထိ မီတဲ့ ပညာရေးကို ကျွန်တော်တို့ မမီတော့ပေမယ်...... ညီလေးနဲ့ ညီမလေးတွေ၊ သား နဲ့ သမီးတွေ အတွက် ပထမဆုံး ပဋက်ရိုက်ပေးပါ....... ဝိုင်းစက်စက် ထယ်သွားတွေ ထိုးခွဲသွားလို့ မွနေတဲ့မြေမှာ..... တန်ချိန်နဲ့ချီပြီး ကွဲရင်း..... တစ်ချို့လဲကျ၊ တစ်ချို့ကျန်ရစ်..... ညီရင်းစင်စစ်မြေမှာ...... အပေါ်ယံမြေလွှာ ကွာတော့ မြေဆီတွေတက်နေပြီမေမေ...... နတ်စင်တွေပိပြီး သေသွားတဲ့ ညောင်ပင်ကြီးနေရာမှာ....... စိုက်မယ့် ပျိုးပင်ငယ်တွေအတွက်...... စက္ကူ ပေါ်ကအတိတ်တွေ ကျေပါစေတော့ မေမေရေ....... ဘုန်းသန့်ခန့် P134618NOV15+08GMTSG ကျွန်တော် ချမ်းချမ်းအေးအေးမို့
မနက်ခင်းခုံတန်းပေါ်မှာ ကောင်းကင်ကို ငုံ့ငေးရင်း၊ ခေတ်အဆက်ဆက်က ကိုယ့်အကြောင်းကိုပဲ အပြန်အလှန်ဆွေးနွေးနေမိရဲ့.... ညီလာခံလား၊ လွတ်တော်လား.... တစ်ပွင့်ဆိုင်လား၊ အမှန်တကယ်တော့ ညဖက် ကွပ်ပျစ်ဝိုင်းလို့၊ ကျောင်းတော်က ကော်ဖီဝိုင်းလို၊ လမ်းနဲ့အပြိုင်လျှောက်နေတဲ့ လက်ဖက်ရည်ဝိုင်းလို၊ ဖျောက်ခနဲပျက်သွားတဲ့မီးနဲ့ ထောက်ကနဲ့လင်းသွားတဲ့ အတွေးက ဘယ်သူအရင်လဲ..... ဒါနဲ့......ဘယ်လောက်မျဉ်းစောင်းဘယ်လောက်လဲ..... ဘောင်တွေသာပြောင်းလာတဲ့ လေကို မရှူမိအောင်တင်းရင်း ကိုယ်အသက်ရှူကြပ်တတ်လာပြီ.... ဘောပင်လေးကိုင် ခုခံခဲ့ရာက၊ ကီးဘုတ်ကိုလည်း ဆွဲကိုင်တတ်လာရ၊ ခလုပ်ကလေးတွေပျောက်သွားသလားဆိုမှ ကိုယ်က မှန်သားပြင်ပေါ်ထောက် လက်တွေလမ်းလျှောက်တယ်၊ တစ်ချို့က မီးဟုန်းထက်ထက်တောက်စေလို့လား.... မှန်သားပြင်ဟာ မီးလျှင်သက်သက်လင်းပြရုံပဲ၊ အမှန်က အေးတယ်၊ အနွေးထည်တတ်နိုင်သလောက်နဲ့ ထွေးရင်း နွေးသလိုထင်စေရတဲ့ မနက်ခင်း၊ မီးတွေကိုယူပြီး ချမ်းသူတွေကိုပဲ လှုံစေလိုတယ်......မလှုံ့စေချင်သူက ကောင်းကင်ကို ငုံကြည့်တော့.... ကိုယ်ပိုးထားတဲ့ မြေပြင်ကို လေးရဲ့မထင်ဘူး.... ကိုယ်ကလည်း လူတစ်မျိုး လေနဲ့ရနံ့လို မတူစေဦးအတူစီးမျောနိုင်ချင်တာ..... မဟန်ပုံပေါက်လို့ မ ဟန် ပုံပေါက်ပြီး ကိုယ့်ကိုကိုယ်တောင် ပတ်ချွဲနှပ်ချွဲ မလုပ်ချင်ဘူး၊ အထက်ပါ စာကြောင်းမှာက မ ဟန် ပုံပေါက်လို့ တင်စားပြီးသုံးတော့ အစဉ်အလာတွေရဲ့ သွန်သင်မှုကို ကျုပ်တင်းမခံနိုင်ဘူးဆိုတာ ပေါ်သွားတယ်၊ စနစ်တကျဖြစ်လာပြီး....တတိတိတိုက်စားလာတဲ့ တင်ကြိုသတ်မှတ်ဘောင်ချတိုက်ခတ်မှုဓလေ့က တစ်မျက်ခတ်မှာ ဘယ်လောက်တာသွားမလဲ...... အမှန်က အေးတာ၊ အားနေသူမှ ပိုအေး လက်ချောင်းတွေ မှန်ပေါ်ပြေးနေတယ်...... ဖရိုဖရဲကြွေလာတဲ့ သစ်အိုရွက်တွေက မြေပြင်ကို အားကျန်နဲ့ရိုက်ခတ်ရင်း၊ ကိုယ်ကတော့ ငြိမ်ငြိမ်လား အခုထိုင်နေတယ်၊ ကိုယ်ကငြိမ်ခြင်းလား..... လောကကငြိမ်ခြင်းလား....... ကိုယ်လည်းအခု...... အိပ်မပျော်ညတွေဆို တရားသံကိုဖွင့်ရင်း တဖြည်းဖြည်းအိပ်မောကျလို့..... ဘုန်းသန့်ခန့် A084111JAN04+0630MM ဟိုးတုန်းက ကော်ဖီကြမ်းလေးတစ်အိုးတည်ပြီး တစ်ညလုံးထိုင်ကြည့်ဖူးတဲ့ လ ပါပဲ လ တွေကြာတော့ လူကကျတာလား နှင်းမို့ မှုန်မှုန်ကျတာလား ရှေ့တူရှုက ဝေဝါးနေဆဲ မကွဲပြားဝါးရီဝိုးတို့ကြားကနေ မီသလောက်ချောင်းပြီး ရသလောက်ကိုက်ခဲရင်း ရင်းသလောက်ပြန်မရတဲ့ အိပ်မက်တွေ တအိအိဝေ့ကျလာမယ့် ဟိုး အရင်က သစ်ရွက်ကို ငယ်သူသူချင်း အလုအယက်ဖမ်းသလိုပေါ့ စာမေးပွဲနီးတော့ ထွက်ပေါက်ရှာ မြူးကြတာလေး တအိအိဝေ့ကျလာတဲ့ ခံနိုင်ရည်မှတ်လား၊ မာန်ရည်မှတ်လား တင်းတင်းဆုပ်ရင်း အချင်းချင်းပြ ပြုံးပျော်လို့ သစ်ရွက်အိုက ကြွေပြီးပေမယ့် ကျန်သူကို ပြုံးစေပျော်စေ ကျောင်းဆင်းချိန်မြင်ကွင်းလေးက တဖျပ်ဖျပ်လင်းနေကျ ကျောင်းဈေးတန်းက ရင်းသလောက်ပြန်ရလား မသိတဲ့ မုန့်တွေကို တအိအိပြိုကျလာတဲ့ အိပ်မက်က ဖမ်းနေတုန်း ကျောင်းဆင်းခေါင်းလောင်းသံလား မျှော်မိတဲ့ အသံ တစစ်စစ်ကိုက်သလို ပစ်ချလိုက်သော အချိန်မှန် အသံ လူးလဲထရင်း ပေနေတဲ့ ဂုဏ်တွေကို သပ်ခါ သတ်ကာနီး ရာဇ၀တ်သားလို အသိမဲ့လှုပ်ရှားရင်း တစ်ညလုံးထိုင်ကြည့် မိတဲ့ ဘဝဆိုတာ တလျှပ်ဖျပ်ဖျပ်ကုန်ဆဲ လပါပဲ ပြောင်းလဲလာတဲ့ အမှတ် ပြောင်းလဲလာတဲ့ သေနတ် ပြောင်းလည်းလာတဲ့ သက်မှတ်ချက် ဟိုးအရင်က သစ်ရွက်ကို လုယူဖမ်းသလို ခေတ်ကမကောင်းတော့ မင်းလောင်းမျှော်ကြ မိုးပေါ်ကိုမော့လို့ လက်တွေဆန့်တန်းမျှော်တောင်းသလောက် အသိဥာဏ်ဆန့်ခဲ့ရင်ဆိုပြီး မင်းလောင်းမမျှော်ဘဲ မင်းမဟုတ်ဘဲ မင်းထက်လွန်အောင်ကျင့်သွားသူကို ရှေ့တူရှုကိုငေးရင်းတွေ့တယ် တခါက လ ပါပဲ သိပ်လှတဲ့ရက် ဖြစ်အောင် ကတိတွေမပေးဘူး ဖြစ်မှ ပေးသွားတယ် သစ်ရွက်က မအိုခင်ကြွေရပေမယ့် ကျန်သူကို ပြုံးစေပျော်စေ ခေါင်းလောင်းသံမကြားမီတည်းက အသင့်လွယ်ပြင်ထားပြီးသား လွယ်အိတ်လေးကိုဆွဲ လွတ်လပ်လိုက်တဲ့ဖြစ်အင် ပိတ်ထားတဲ့ တံခါးကြီးကိုဖြတ်ပြီး ပြေးထွက် ပေါ့ပါးစွာနဲ့ မေမေ..... သားကျောင်းဆင်းလာပြီလို့ အော်ဖို့ကြိုးစားတော့မှ ကိုယ် သစ်ပျိုရွက်လေးတွေ ကြွေနေတာမြင်မှ ရှေ့တူရှုငေးနေရင်း မြင်ကွင်းတွေဝါးဝေ မနက်ခင်းနှင်းကြားက တလူလူလွင့်ဆဲ အောင်လံတော်နဲ့ မာန်၊ စိတ်၊ ဌာန်ကရိုဏ်းကျကျဆိုနေကျသီချင်းကို နက်ထွင်းလှိုက်ဝင်နားလည် ဟိုးတုန်းက ဟိုး.... ဟို တုံးတုန်းက မင်းလောင်းမျှော်သားကျသူတွေကြားက မင်းလောင်းမမျှော် မင်းမဟုတ်၊ မင်းမလုပ်ဘဲ မင်းထက်လွန်အောင်ကျင့်ယူမြင့်မြတ်သူ ကျွံထဲက ကျွတ်အောင်နှုတ်ပေးသူတွေ ရင်းသလောက်ပြန်ရလား မသိ ဟိုးကနေ ပြုံးပြီးလှမ်းကြည့်နေတယ် ခေါင်းလောင်းအိုကြီးရယ်၊ ခုံတန်းရွယ်စုံရယ် သမိုင်း၊ ပထဝီနဲ့ သင်ရိုးစုံစုံရယ် လွယ်အိတ်လေးလွယ် ပြေးထွက်ရတဲ့ အရသာကို တစ်ခါက လ ပါပဲ စာမေးပွဲအောင်ရုံလေး မအကြနဲ့ မကွဲပြားဝါးရီဝိုးတို့ကြားကနေ ဆင်ဆင်တူတဲ့ ရနံ့ လေးဝေ့ဝေလာတယ် ဝိုင်းဟားခံရတဲ့ ကောင်လေးတစ်ယောက် နှုတ်ကနေ တရစပ် ပီပီသသကြီးပြောချလိုက်တဲ့ စကားလုံးအတွဲအစပ်တွေဟာ လူရိုင်းက ဘယ်သူဆိုတာ သက်သေပြဖူးတယ် အဖော့၊ အနင်း၊ အရုန်း၊ အထကို ကျင်လည်စွာ ကစားပြရင်း အဝတ်ပါးလေးနဲ့ နှင်းထုထူထူဆီသွားသူကို ရှေ့တူရှုကို ငေးရင်း တဖျပ်ဖျပ်မြင် မအအောင် ရှာဖွေလေ့လာရမှာလား မအအောင် ချုပ်နှောင်သင်ပေးရမှာလား တခါကကြည့်ဖူးတဲ့ လ ပါပဲ မင်းလောင်းကို မျှော်ကြရင်း မိုးပေါ် ငေးချိန်မှာ ကော်ဖီကြမ်းလေးတစ်အိုးနဲ့ ကိုယ်ပြန်ခေါ်လာတဲ့ ကြော်ငြာစာရွက်ပေါ်က မအိုလိုက်ရတဲ့ လူရွယ်တစ်ပါးနဲ့ စကားတွေ စီးကျလို့ သူတို့ မကြုံလိုက်ရတဲ့ ခေတ်အကြောင်း၊ ကိုယ်တို့ မကြုံရစေမယ့် ခေတ်အကြောင်း၊ သူတို့ .......ကိုယ်တို့........ ကျောင်းတက်ခေါင်းလောင်းထိုးသံအပြီးမှာထက် နှလုံးခုန်သံအပြီးမှာ......... တစ်ခါက မြင်နေကျ လ ပါပဲ တိမ်တွေဖုံးနေတော့ရော........ မအအောင် မြင်နေကြ မအ အောင်မြင်နေကျ ဘုန်းသန့်ခန့် P124014FEB15+0630MM 1StA000512FEB15+0630MM 2NdP235013FEB15+0630MM သူ သူမ ကို ကမ္ဘာဦးမရောင်ခင်တည်းက တွေ့ခဲ့တာ သေချာတာက သူမ ဟာ နံရိုးတစ်ချောင်းမဟုတ်ဘူး စေတန်ရဲ့ဖျားယောင်းခံမဟုတ်ဘူး သူ မဟုတ်ဘူးလောက်ဘဲ သူမ က သူနဲ့ကွာခြားတယ် သူမ ဟုတ်တယ် သူ မ ဖြစ်လာတယ် သူမ ကနေ သူ မ မီးဖိုတတ်တယ် သူ မ အစားစားတယ် သူ မ အိပ်တယ် သူ မ သူ မ မွေးတယ် သူ အမဲလိုက်တယ် မ သစ်သီးဝလံလိုက်တယ် သူ ဖျားတယ် မ ဖျားတယ် သူ မ ဖျားတယ် ဂူနံရံထက်မှာ သူမ ကို သူရေးခြစ်ပြတော့ သူ မ တွေ တွေ့ မီးကို ကိုးတယ် ကွယ်တယ် သူ မသေတယ်ကို ကိုးတယ် ကွယ်တယ် သူ မ ဗီဇကို ကိုးတယ် သူ မြင့်မြတ်ပြီလား မ မြင့်မြတ်တော့ဘူး သူ မ အိပ်တယ် သူ မ စားတယ် သူ မ သေတယ် သူ မသေခင် သူမ သေသွားတယ် သူ ဘုရားဆုပန်တယ် တမာန်တော်လုပ်တယ် ဘုရားသခင်ကိုယ်စားလှယ်လုပ်တယ် မ လုပ်ရဘူး သူ မလုပ်တာ ကျွန် သူမ လုပ်တာကျွန် သူ နီတိတွေရေးတယ် မ ပါဘူး သူ နိုင်ငံကို အုပ်ချုပ်တယ် မ ပါဘူး သူ မမှောင်ဘူး သူမ မှောင်တယ် သူ ခြေ မကြပ်စီး မ ကြပ်စီး သူ မနိမ့်ကျ မ နိမ့်ကျ သူ မ က သူ မ ပါပဲ သူမ ငိုရ သူ မငိုရ အတင်း သူမ ပြောရ သူ မပြောရ သူ မ သူ သူမ သူ သေနတ်ကိုင်တယ် လူသတ်တယ် ဥပဒေပြုတယ် ပညာသင်တယ် မ ပြုရဘူး သူမ ကလေးမွေးတယ် စောင့်ရှောက်တယ် သူ ကို မွေးတယ် သူ မရှိတော့ဘဲ သူမ ရှိတော့ သူ မ တွေက ရှုတ်ချကြတယ် သူ မ သူမပါဘဲ သူမ သာပဲ နေခွင့် သူ ရ မ မရ မမရလို့ပြောတဲ့ ကိုးလ မစားရလို့ပြောတဲ့ ကိုးလ သူ မရှိတော့မယ့် သူမ ကို သူ မ သူ မ ကန့်ကွက်ရှုပ်ချ သူ မ တွေမိုက်ကြတယ် သူ အိမ်ထောင်ဦးစီး လုပ်တယ် မ လုပ်ရဘူး လို့ မတားထားတဲ့ လူ့အဖွဲ့အစည်းက အခု မ တားတယ် တိုးတက်တဲ့ခေတ်မှာ သူ လွတ်လပ်၏ မ လွတ်လပ်၏ မဟုတ်ဘူး မ ပါဘူး သူ လိုက်ကြည့်တယ် သူမ ဝတ်ထားတဲ့ အဝတ်အစားထက် သူမကို သူကြည့်တယ် သူ မထိန်းချုပ်သော ကိစ္စ သူမ ထိန်းချုပ်ခံရရင်း သူ အပြစ်မဖြစ်ဘဲ သူမ ဖြစ်ခဲ့ပြီ သူမ သူ ကို သူမ မွေးတယ် နို့တိုက်တယ် စောင့်ရှောက်တယ် သူ သူမ ကို သစ္စာဖောက်တယ် ဥပဒေမဟုတ်တဲ့ ရပ်ဝန်းမှာ သူမတွေထဲက တစ်ချို့ကတောင် သူမကို ပြစ်တင်တယ် သူမ ဟာ သူ နဲ့ ဘာသာတူတယ် လူမျိုးတူတယ် အသားအရောင်တူတယ် သူမ အိပ်တယ် သူ အိပ်တယ် သူမ ပညာသင်တယ် သူ ပညာသင်တယ် သူ သေမယ် သူမ သေမယ် လူ့အဖွဲ့အစည်း သူ မ သူ မ သူ အိမ်ဦးခန်းမှာ ထိုင်တယ် သူမ နောက်ဖေးချောင်မှာ မငိုရဘူး သူ ဟာ မငိုစေသော ဝန်းကျင်ကိုပေးရမယ် မ ငိုစေသော ဝန်းကျင်ကို မပေးရဘူး သူမဟာ စွမ်းဆောင်နိုင်ပြီးသားဖြစ်တယ် သူ မတ်မတ်ရပ် သူမ မတ်မတ်ရပ် သူ မဲပေးတယ် သူမ မဲပေးတယ် သူ မလုပ်နိုင်တာ သူမ လုပ်နိုင်တာ သူ မ ဖလှယ်ရမယ် သူ အာဏာရှင်မဟုတ်သလို သူမ အာဏာရှင်မဟုတ်ဘူး သူ မ လွတ်လပ်စွာ အသားအရောင်ကွဲခွင့်အတွက် လွတ်လပ်စွာ ကိုးကွယ်ခွင့်အတွက် သူ မ အတူတကွ အခွင့်အရေးရှိတယ် သူ မ ပညာသင်မယ် သူ မ ပန်းတွေစိုက်မယ် သူ မ သူမတွေကို နှောင်ကြိုးတွေကနေ ဆွဲထုတ် သူ မ သူမတွေကို မြှင်တင်ရမယ် သူ မ ဟောင်းနွမ်းတဲ့ အစဉ်အလာတွေကို သူ မ တွေအတွက် သုံးသပ် မှိုတက်တွေထုတ်ပယ်ရှင်းလင်း အစဉ်အလာနဲ့ ယဉ်ကျေးမှုကို သူ မ တို့ ကွဲကွဲပြားပြားရှင်းရမယ် သူ မ ပညာသင်မယ် ကလေးမွေးမယ် စောင့်ရှောက်မယ် စီးပွားရှာမယ် သူ အတွက်ရေးထားမိတဲ့ ဝါဒတွေကို သူ မ တွေ ညီမျှအောင် ပြန်ရေးရမယ် သ မ ဟာ လူသားဖြစ်တယ် သူ မ ဟာ အသားရောင် ကွဲမယ် ဘာသာကွဲမယ် သို့သော် သူ မ ဟာ လူသား စင်စစ်ဖြစ်တယ် သူ မ ဟာ ဘယ်သို့သော ဖန်ဆင်းခြင်း ဖန်တီးခြင်း ဖိနှိပ်ခြင်းကြောင့်မှ သူသီးသီး မသီးသီး မဖြစ် သူ မ သာဖြစ်သော လောက မနက်ဖြန်ဆီ
ဘုန်းသန့်ခန့် P140218JAN15+0630MM နှင်းတွေ ခါးခါးမြေ့မြေ့မှုန်ပြီ
ချစ်သူ ဒီပန်းကို ပန်ချင်ပန်ပါ။ ငါ မင်းအတွက်ပျိုးခဲ့သူ....... ဘုန်းသန့်ခန့် un07 ဆိုးမှာစိုးလို့ စိုးရင်း ဆိုးခဲ့ကြပြီမေမေ……… အမှောင်ထဲက ရုန်းထလာတဲ့ ပျပျလင်းမီးစုန်းစက်လိုပဲ တလဲ့ချင်းတလဲ့ချင်းတော့ သူသူကိုယ်ကိုယ်------- ထွန်းလက်လွင်ချင်ကြမှာပါ…..၊ အသိဥာဏ်၊ အတွေးဥာဏ်၊ ခံစားစွမ်းရည်မှတ် ခပ်လှမ်းလှမ်းတော့ တိုးတက်မှာပေါ့…..တဲ့ ဆို(ဆူ)မှာစိုးတော့ စိုရင်း လှမ်းရဦးမယ့်…… မိုးသည်းသည်း အိမ်အပြန်လို ကိုယ်ရယ်၊ ကောင်းကင်ကြီးရယ်၊ ပြီးတော့ တုံးလုံးပက်လက် လမ်းမကြီးရယ်၊ မိုးသည်းထဲမှာရပ်၊ ဆိုင်းဘုတ်ကိုင် အော်နေဆဲ ကြော်ငြာပစ္စည်းတွေက စိုရရိုရွဲလို့၊ စိုမယ့်စိုတော့ မရပ်ဘဲဆက်သွားကြည့်ဦးမယ်……..။ တိုးဟယ်တက်ဟယ်နဲ့ပဲ ကိုယ့်မလဲ တတိတိကြီးရင့်လိုက်ရတာ ဝေမလား၊ ကြွေမလား၊ ဒါမှမဟုတ် ဝေလေလေ ညောင်ပင်တစ္ဆေလား………….. ပြင်းပြတဲ့ ခံယူချက်၊ ယုံကြည်မှုအတွက် ဘယ်တော့မှ အညံ့မခံဘူး…….မေမေ ဘယ်လိုမှ နှောင်တည်းမခံဘူး…….၊ ဘယ်လောက်ဘဲ ကြီးမားခန့်ညားစေဦး လှောင်ချိုင့်ထဲထည့်ထားရင် ကုပ်ကန်ပဲကန်နိုင်တော့မယ့်ဘ၀ ကြည့်……….သား အဲဒါကို မြင်ရခဲတယ်……… အားလပ်ရက် လူကြည့်ခံဘ၀ကိုတော့ ရဲရဲဝံ့ဝံ့ငြင်းရမယ်……၊ ရဲဝံ့ပေမယ့် ညင်ရမယ်၊ ထုထည်ထည်နဲ့ လျင်ရမယ်။ စနစ်တကျ ထုတ်လုပ်ထားတဲ့ အစဉ်အလာသွန်သင်မှုကနေ သွန်သင်မှုကြောင့် စနစ်တကျထွက်လာတဲ့ နယ်ရုပ်တွေများလှပေါ့……….. မတ်မတ်ရပ်ပါ၊ ရင်ကော့ပါ…….. ပြီးတော့ ဘာဆက်လုပ်ကြမလဲ…….. ခင်ဗျားလဲ မောင်ပုလဲ၊ ကျုပ်လဲ မောင်ပုလဲပဲ။ တအူအူထနေတဲ့ မီးခိုတွေများတော့ မြင်သာထင်သာ……. ထင်ရုံထင်ပြီး မမြင်ရတဲ့ေ၀၀ါးဝါးမနက်ပေါ့….. တိတ်တိတ်လေးနေနေဦးမယ့် လေလျှင်လေးတွေငြိမ်လို့ အမှုမှတ်မဲ့….. အတိတ်အတွက် ကြိုတင်ပြင်ဆင်တာများလာတော့ အနာဂတ်ဟာ ယောင်ချာချာကျန်ရစ်…….. ဆုတံဆိပ်တွေပိုက်၊ ပထမတွေပိုက် ………ပြီးတော့ ချီးမွမ်းသံတွေပိုက်ပြီး စနစ်တကျ လက်ပိုက်ရပ်နေတဲ့ စက်ရုပ်ငယ်လေးများ….. ကစားမလား၊ နားမလားကို မြင်ရုံသာထိ၊ စာနဲ့ ပညာမကွဲပြားတော့အောင်ကို တိုက်ခံလိုက်ရတဲ့ မှိုင်းက ဒါဝင်ကြီး ချောင်းဆိုးစေတယ်။ အမှန်ကတော့ တိုက်ခံလိုက်ရတဲ့ မှိုင်းဟာ ဒါဝင်ကြီးကို ချောင်းဆိုးစေတယ်ပေါ့… ဒါမှမဟုတ် ဒါဝင်ကြီးချောင်းဆိုးတာ အတိုက်ခံရတဲ့ မှိုင်းကြောင့်ပေါ့…. ဘယ်လိုရေးရေး…….. ဒါ ၀န်ကြီး ချောင်း ဆိုတဲ့ စာမဟုတ်ဘူး၊ ကိုယ်ပတ်အ၀တ်စလို သုံးခံရတဲ့ ယဉ်ကျေးမှုအစဉ်အလာက လန်ကွတ်တီဆန်သွားပြီး……….. ။ထိန်းသိမ်းရမလား၊ တိုးတက်ဖွံ့ဖြိုးစေရမလား။ အနာဂတ်ဟာ အမှိုက်တောင်ပုံရာပုံနဲ့……… ခင်ဗျားကိုယ်ခင်ဗျားကြည့်……..ဦး လမ်းမပေါ်ထွေးချမယ့် ကွမ်းသွေးဆန်နေတယ်ဆိုတာ၊ လိမ်ညာပြထားတဲ့ ၀င်ငွေစာရင်းဆိုတာ၊ ရှေ့ဘုရားထူးပြီး၊ နောက်ကွယ်မှာ ဘုရင်လုပ်ဖို့သာ ချောင်းနေတဲ့ ခပ်ပေါ့ပေါ့လူသားတွေအပြည့်နဲ့….. ပြီးတော့ ဘာဆက်လုပ်ကြမလဲ…….. ခင်ဗျားလဲ မောင်ပုလဲ၊ ကျုပ်လဲ မောင်ပုလဲပဲ။ ကြည့်လေ… အမေ့ကိုလည်းကန်လိုကန်၊ အဖေကိုလည်း ကာပြန်ပြန်နဲ့….. စာရိတ္တ အသုံးလုံးပေးရမလို……….. ဟုတ်တော့လည်းဟုတ်ပါ့…… ဆရာမက “နင်တို့ကို ဇိကုပ်ပြီး နတ်ပြည်တင်တာဟဲ့” ……..တဲ့ သူဘယ်လောက်ပြောပြော…. ကျွန်တော့်မုန့်ဖိုးလေးကိုတော့ မလှူရက်တာ အမှန်ဘဲ၊ “မင်းစာမကျက်ချင်ရင် အမှိုက်ကောက်ရမယ်”…. အဖေ့စကားမဆုံးခင်ဘဲ ကျွန်တော်ပြင်ဆင်ထားပြီးသား တုတ်ချွန်ရယ်၊ ဆာလာအိတ်တစ်လုံးရယ်ကို ၀မ်းသာအားရပြေးယူပြီး အမှိုက်ပုံဆီ အပြေးတပိုင်းသွားဖူးတယ်………… စဉ်းစားကြည့်လေ တံခါးပိတ်ထားတဲ့ ၀န်းကြီးထဲမှာ မျက်လုံးလေးပြူးရင်း ပျော်အောင်မနေရတဲ့ ဘ၀ထက်စာရင်……. လွတ်လွတ်လပ်လပ်ကို ကိုယ်နေရမယ့်ဘ၀ကို ရွေးမှာပေါ့…. ပညာတတ်ရင်+ မတတ်ရင် (ဘာဖြစ်မလဲ)=……… ကြက်တူရွေးဆန်ဆန်နေရင်း ပျင်းသေရမယ့်ဘ၀….အဲ့လိုပဲ တွေးမိ ထင်မိ ဖူးတယ်။ ဖြစ်နိုင်ရင်…. ကျွန်တော် အမှိုက်ကောက်ရင်းပဲဖြစ်ဖြစ်၊ စားပွဲထိုးရင်းပဲဖြစ်ဖြစ်၊ ရေခဲချောင်းပုံးလေး မနိုင့်တနိုင်ထမ်းရင်းပဲဖြစ်ဖြစ်….က..ကလေးငယ် ချစ်စဖွယ် ဆိုပါရစေ…. ဒါမှမဟုတ်…… ဆိုကြရပါစေ……… ဆက်ရေးလို့မရအောင် ဝေလာဝါးလာပြန်ပေါ့ ခေါင်းလောင်းသံကို ကျောခိုင်းထားရတဲ့ ရေဝေးသစ်စေ့ခြောက်လေးတွေကို မြင်ရရင်……. ကျွန်တော်ပါးပြင်တွေစိုတယ်…..၊ ကိုယ်က အပျော်သဘော အမှိုက်ကောက်ခဲ့ပေမယ့်……. (ဖြစ်နိုင်ရင်တော့ အမှိုက်တွေကို ကုန်စင်အောင်ကောက်ပစ် ပေးချင်တယ်) အလုပ်သဘော ရေခဲပုံးလေးထမ်းလာတဲ့ တခါက အတန်းဖော်ကိုမြင်တဲ့အခါ…… “ဟေ့ကောင်.. ရေခဲချောင်းပျော်ခါနီးရင် စားလို့ ရတယ်ကွ၊ သိလား” သူပြောတဲ့စကားသံတွေက အခုမှကြားတယ်……. သူ့ဘေးမှာထိုင်ရင်း…….. သူလွယ်ထားတဲ့ လွယ်အိတ်လေးထဲမှာ ထမင်းဘူးလေးရယ်၊ ငွေစက္ကူနွမ်းတွေရယ်၊ ပြီးတော့……..ပြီး………… သူရဲ့ သိပ်လှတဲ့ လက်ရေးနဲ့ ကျောင်းစာအုပ်လေး………. အဲ့တုန်းကတော့ ကိုယ်လည်း။ သူနဲ့အတူ။ ရေခဲချောင်းပျော်လုလုတွေကို စားရင်း……… ပျော်နေခဲ့ဖူးတာပဲ……………………………………. ကိုယ်လည်းပျော်သူလည်း……..သူ……….လည်း……..သူ……ပျော် ပြီးတော့ ဘာဆက်လုပ်ကြမလဲ…….. ခင်ဗျားလဲ မောင်ပုလဲ၊ ကျုပ်လဲ မောင်ပုလဲပဲ။ စိုးမှာ စိုးတော့ ဆိုးရင်း စိုးတာတွေရပ်….. မနေ့ကအကျန်တွေကို သွန်ပြီး၊ မနက်ဖြန် ဖြစ်နိုင်ရင် ခင်ဗျားရော၊ ကျွန်တော်ပါ မောင်ပုလဲ မလုပ်ကြေး………… ကျွန်တော်က အနာဂတ်တစ္ဆေ ဟိုး……….ကောင်းကင်ကိုင်းမှာ နေ………. ဘုန်းသန့်ခန့် P094024FEB14+530GMT, INDIA ကျွန်တော်မျှော်လင့်ဖူးခဲ့တယ်……
ဘယ်တော့မှမဖြစ်နိုင်ပါဘူးလို့လေ…… အိပ်မက်တွေအကြောင်းကိုအိပ်မက်မက်သူပဲသိနိုင်တာကို ဖော့ဖော့လေးမေ့နေခိုက်တုန်းပေါ့၊ သုတ်သုတ်ပြာပြာနိုးထတော့ဘယ်သူမဆို အိပ်မက်လေးကိုမေ့.. မဆန်းပါဘူးလေ…….၊ နောက်တစ်ခါမဖြစ်စေရဘူးလို့ ကမ္ဗည်းထိုးထားတဲ့အိပ်ယာဝင်အတွေးလည်း ညဆိုအိပ်မက်ဆက်ဆက်မက်မက်တိုးရင်း ဖွဖွလေးယုယပေးချင်တာ……ဘယ်တော့မှ မနာကျင်စေလိုတော့လည်းရင်ကွဲနေသူကို ချွေးသိပ်မှုထပ်ပိုပေးခဲ့မှာပါ…… ထပ်ပြီး မနာကျင်စေလိုပါဘူးကွယ်………ရှုံးခဲ့သမျှတွေကို ပြန်ပြီး ဒီပွဲမှာအတိုးချအနိုင်ယူလိုက်ပါ၊ ခွင့်လွှတ်ပေးနေရင်း…………ခွင့်လွှတ်စကားတွေကို ရှောင်ပြေးသူဆီကိုလှမ်းငေးနေမိရင်……. ဘေးမှာလေ တိတ်တိတ်လေးရပ်ပေးနေမိမယ့်တိုးတိုးလေးအိပ်မက် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားရင်လည်းမသိနိုင်တော့ပြန်ဘူးလေ……. အရာအားလုံးကိုမေ့ရင်း….. အိပ်မက်မက်သူက အိပ်မက်ထဲမှာပါပေမယ့်၊ ပါဝင်သူက မသိတော့.. အိပ်မက်ဆိုတာတစ်ခါခါက သိပ်ခက်တဲ့အကြောင်းသီချင်းလား၊ ၀ါးနေတဲ့မျက်မှန်ကိုသေချာသုတ်သင်ပြီးလည်း ဝေနေဆဲပါပဲလေ……. မြူနှင်းတွေလိုပဲအရာရာက အိပ်မက် ဝေနေဆဲပါပဲလေအရင်က ဝေနေတဲ့ချယ်ရီတွေတောင် ဖွားကနဲကြွေ…….ဆောင်းက အေးသလိုအေးတယ်၊ လက်ကို ဆန့်တန်းရင်းတောင်းနေတဲ့ ထမင်းဆီဆမ်းကို အိပ်မက်ထဲမှရသလို၊ အရာရာကို လက်ဖြန့်တောင်းမှ ရမယ့် အိပ်မက်…..လက်ဆန့်တောင်းရင်း ကြွေတယ်….. ငယ်ငယ်က အိပ်မက်၊ကျောင်းသားဘ၀ အိပ်မက်၊ အလုပ်ဝင်စအိပ်မက်၊ အလုပ်ဝင်တုန်း အိပ်မက်၊ အသက်ကပြောင်းပေမယ့်အိပ်မက်က မဟောင်းဘူး၊ ထပ်ပြီး မနာကျင်ချင်ပေမယ့်လည်းအိပ်မက်က နိုးတော့ တ၀က်တပျက်နဲ့ ထပ်ပြီး မနာကျင်စေချင်သူ………သံသရာက တစ်ပတ်လည်မလိုဟန်နဲ့ သူ့ကိုသူမသိတဲ့အိပ်မက်ဝင်ကျမ်းက အဝေးခြေကို လှမ်းစပေါ့…….. အိပ်မက်ကိုဖတ်ရင်း၊ အိပ်မက်ကို ချစ်သူက၊ အိပ်မက်မှာ ပါသူလေးကို သူ့ကိုသူမသိတဲ့အိပ်မက်ဝင်ကျမ်းက သံသရာကို တစ်ပတ်လည်စေမလို အစစ၊ အရာရာတူညီနေပြန်ပေါ့….. ညဆိုအိပ်မက်ဆက်ဆက်မက်မက်တိုးရင်း ဖွဖွလေးယုယပေးချင်တာ……ဘယ်တော့မှ မနာကျင်စေလိုတော့လည်းရင်ကွဲနေသူကို ချွေးသိပ်မှုထပ်ပိုပေးခဲ့မှာပါ…… ထပ်ပြီး မနာကျင်စေလိုပါဘူးကွယ်………ရှုံးခဲ့သမျှတွေကို ပြန်ပြီး ဒီပွဲမှာအတိုးချအနိုင်ယူလိုက်ပါ၊ ခွင့်လွှတ်စကားတွေကိုမကြားသူကိုလည်း ခွင့်လွှတ်ရင်း…….. ခွင့်လွှတ်စကားတွေမကြားဖူးသူကလည်း ခွင့်လွှတ်ပေးလိုက်ပါ့မယ်……. အိပ်မက်ဆိုတာအိပ်မက်မက်သူအတွက်တော့ အမှန်တရား၊ ယုံကြည်ချက်၊ ဆက်လက်ဆွဲကိုင်ရင်း……..သီချင်းတစ်ပုဒ်ဆုံးတဲ့အခါ ဒီသီချင်းကိုပဲခံစားမှုအသစ်နဲ့ ပြန်နားဆင်မိနေတဲ့အခါ လူက အဟောင်း၊အိပ်မက်လည်း အဟောင်း အိပ်ယာတွေပဲပြောင်းသွားပြီ…………. အိပ်မက်ဝင်ကျမ်းချက်၊အိပ်မက်သူက တသသတပ်မက်နေတုန်းမို့ ကျွန်တော်မျှော်လင့်ဖူးခဲ့တယ်…… ဘယ်တော့မှမဖြစ်နိုင်ပါဘူးလို့လေ…… အိပ်မက်တွေအကြောင်းကိုအိပ်မက်မက်သူပဲသိနိုင်တာကို ဖော့ဖော့လေးမေ့နေခိုက်တုန်းပေါ့၊ မနက်နိုးတော့ခေါင်းအုံးလေးကို ဖက်ထားရင်း လွမ်းမိတယ်၊အိပ်မက်လေးကိုလား၊ အိပ်မက်ထဲကိုလား၊ အိပ်မက်မက်သူကအိပ်မက်ကို လွမ်းတယ်…… နေ့စွဲတွေ၊တရိပ်ရိပ်တိုးလာရင်းမှ တတိတိလျော့မသွားအောင်……….. ဇတ်ပြန်သတ်ထားရင်းကအတင်းရုန်းကန်နေဆဲ အိပ်မက်လိုနေ့တွေ နောက်…..ဥပေက္ခာပြုထားမိဆဲ ဖုန်းသံတွေ…… ဟန်လုပ်ထားတဲ့တေးနဲ့၊ အသက်ရှုသံစည်းချက် လွဲလုဝင်လုတွေ အိပ်မက်လိုနေ့တွေ……..လက်ချောင်းတွေနဲ့ဆုပ်ထားပေမယ့် အဝေးကြီးလွင့်သွားလိုက်၊အတင်းပြန်ဆွဲယူလိုက်နဲ့ ဝေးဝေးမသွားဖို့၊ထပ်ပြီး မနာကျင်စေဖို့၊ ဘယ်တော့မှ ထပ်မခွဲရဖို့၊ ဇတ်ပြန်သတ်ထားရင်းကရုန်းလုကန်လု အိပ်မက်က ဝေးသွားလိုက်၊ အသိစိတ်တွေကိုပြန်ရှာဖွေရင်းမှာ အိပ်မက်က နီးလာလိုက်၊ ဝေးသွားလိုက်၊ အိပ်မက်မက်သူတွေကိုအိပ်မက်က ချော့မြူရင်း….. ချော့မြူရင်းကအိပ်မက်ကို ပြန်ဖမ်းဆုပ်ထားရင်း………… ဘယ်တော့မှနောက်ထပ်မနာကျင်စေဖို့……. ဘယ်တော့မှ ဝေးမသွားဖို့ အလန့်တကြားပြန်ဖမ်းဆုပ်ထားရင်း…..ဇတ်ပြန်သတ်ထားရင်းက …. အိပ်မက်ကဝေးစေလိုက်၊ နီးစေလိုက်၊ မနက်ခင်းရောက်မှာကို ကြောက်သလို၊ မနက်ခင်းရောက်မှကိုဖြစ်မလိုလို၊ အသက်ရှုသံတွေကို ဇတ်သတ်မရသလို၊ ကြောက်ကြောက်လန့်လန့်အော်ဟစ်ရမှာလား၊တိတ်တိတ်လေး ငိုညည်းရမှာလား၊ အိပ်မက်ကဝေစေ၀ါးစေ…. ချယ်ရီတွေနဲ့ ဆောင်းက ဝေနေသလို ချမ်းလာရင်းကမှပြန်လည်နွေးထွေးလာရင်း၊ အတင်းဆွဲထားမှ နွေးတော့မလိုလို၊ အိပ်မက်ကတွေစေဝေစေ……. ဇာတ်တိုက်မထားပေမယ့် အိပ်မက်က တည်ငြိမ်နေသလား… တည်ငြိမ်နေသလိုအိပ်မက်လား…… သက်ပြင်းသံတွေချရင်း…. နိုးသွားမှာကို ကြောက်ရင်း မျက်လုံးလေးကိုပိတ်ပြီး၊ တ၀ုန်းဝုန်းတိုက်လာတဲ့ လှိုင်းတွေကို မခံနိုင်သလို အဝေးကို ပြေးမှာစိုးရင်းအတင်းဆွဲဖက်ထားရင်းက လွတ်သွားသလို၊ စိုးစိုးရွံ့ရွံ့ ဇတ်သတ်ဖို့ကို………အသက်ရှုသံတွေကို ပြန်ကြောက်ရင်း….. လည်ပတ်နေဆဲ သွေးတွေကပဲလှည့်ပတ်ပြေးထွက်နေသလို၊ အိပ်မက်က ထပ်တူလား၊ အိပ်မက်ကတူပြီလား၊ အိပ်မက်က ဝေးတုန်းလား၊………………. လား၊ မေးခွန်းတွေများနေလည်းအိပ်မက်ကလွဲရင် ဘာမှထွက်မလာပြန်ဘူး….. မျက်လုံးလေးကို ဖွဖွပိတ်စေရင်း… တဝေေ၀ရွာနေတဲ့သက်ပြင်းတွေကို ရှောင်ရှားရင်း၊ အသက်ရှုသံတွေကို မကြားသလိုလား၊ ရပ်တန့်နေသလိုလား…….နိုးသွားမှာကို စိုးစိုးရိမ်ရိမ်ဖြစ်ရင်း ပြန်ချော့သိပ်ဖို့လား၊ ဇတ်သတ်နေဆဲမှဆက်လက်ခုတ်မောင်းနေဆဲ သွေးကျောတွေကို လိုက်လံဖမ်းဆုပ်ရင်း………. အိပ်မက်ထဲကလိုလို၊အိပ်မက်၊ တရစပ်ပြေးလွှားလာရသလို၊ စိတ်ဆုံးဆုံးဖြတ်ဖြတ်ချဖို့၊ ဇတ်သတ်နေဆဲ……….ဇတ်သတ်နေဆဲ……..မနက်ခင်းနေခြည်ကို ကြောက်နေသလို….. ခွင့်လွှတ်ဖို့အတင်းတောင်းပန်ဖို့ဆက်လက်ဆွံ့အနေဆဲ အိပ်မက်……. မနက်လင်းမသွားဖို့ကို သွေးကျောတွေရုန်းထရင်း၊ဝေးသွားလိုက်၊ ချမ်းချမ်းစီးစီးဆောင်းတွင်းအေးအေးလို ဝေသွားလိုက်၊ အတင်းပြန်ဖမ်းဆုပ်ထားရင်း………….အသက်ရှုသံတွေကို ပြန်ဖမ်းရခက်သလို၊ အိပ်မက်ထဲထိ လိုက်လာတဲ့ သိစိတ်ကိုရှာဖွေရင်း၊ ဇတ်သတ်နေဆဲ……….. ဟော…… မနက်နိုးတော့………ကိုယ် ညတွေကိုပဲ ပြန်ရောက်ချင်နေရဲ့…….. အိပ်မက်လေးကိုလွမ်းရင်း………… တိတ်တိတ်လေးငြိမ်နေမိတယ်…………. အိပ်မက်ကတော့ဟောင်းပေမယ့် နှစ်နှစ်ခြိုက်ခြိုက်သစ်လို့…… နားထောင်နေကျတေးပေမယ့်ဘယ်တော့မှ မရိုးသွားသလို………… အိပ်မက်လေးရေ……………အိပ်ယာတွေပြောင်းပြီး………. ရွေ့လျှားနေတုန်းတောင် လွမ်းလို့………ဖြစ်နိုင်ရင် ငါ့ဆီလာပေးပါ……….. ဘယ်တော့မှ ရိုးသွားမယ့်တေးမှ မဟုတ်ဘဲ……. ကျွန်တော်မျှော်လင့်နေဦးမယ်…….. ဘုန်းသန့်ခန့် P013023DEC12-5GMT မိုးလုံးပြည့် အချစ်ဝါဒတွေပိုက်
ဖြစ်နိုင်မယ်ဆိုရင် အဲ့ဒီကောင်ငယ်မလေးနဲ့ ထိတ်တိုက်ရင်ဆိုင်ချင်သေးရဲ့ မတောက်တခေါက်အပြုံးမှာတင် နှလုံးသားနှင့်အပေါင်းအပါတစ်စုကျရှုံး သူမအတွက်တော့ ကိုယ်ဟာ ယဉ်ကျေးမှုနောက်ကျသူဖြစ်မယ်၊ မျှော်တလင့်လင့် ရင်ကြားစေ့မယ့်ရက်ကို တွက်ရေ…. ၀တ်မှုန်ရေ……….ငါ နင့်ဆီကို သံခင်းတမာန်ခင်းစိတ်ကူးတွေဖွဲ့ ငါ့ကိုယ်ငါ မှတ်ပုံတင်ပါရစေကွယ်……. အချင်းချင်းခွပ်နင်းဖို့ရာ ၀ှက်ရာကွယ်ရာက ဖဲအိုချပ်တွေ ငါ့မှာမရှိပါဘူး၊ မကြာခင် ကမ်းကို မြင်လုမယ်လို့ ခိုင်မာတဲ့ ပျယ်လုလု ယုံကြည်ချက်ကိုဆွဲ ဆက်ခတ်နေဆဲ လှေထိုးသားအိုကြီးလိုပဲ ငါရဲရင့်ပြပါ့မယ်………. နင် ခေါင်းတစ်ချက်ဝေ့ပါ၊ မိန့်ခွန်းတစ်ခုခြွေပါ……. ပင်လယ်ခုနှစ်စင်းကို ငါ ထောင်းထောင်းဖောက်ထွင်းပြီး ခြေတော်စုံဆီ ဦးတိုက်ပါ့မယ် ငါ့ နှလုံးသားအခွင့်အရေးကိုတော့ နင် မျှမျှတတပြန်ပေးရမှာပေါ့…. ငါ တိုက်လည်း မယူချင်ဘူး၊ ငါ တောင်းလည်း မယူချင်ဘူး၊ ငါ နင့်လက်လေးနဲ့ တယုတယပေးတာကိုပဲ…….. ဒူးထောက်ယူချင်သူပါကွယ့်………….. ငါနဲ့နင်ကြားက ကြိုးနီနီကို အချစ်တွေနဲ့ လဲလှယ်........... ချစ်ခင်မြတ်နိုးဖွယ်ပေါ့….ယင်းနောက် ရင်ခွင်တော်ကို ကြည့်ရှု့စစ်ဆေး ချစ်သူဆိုသည်မှာ ရွေးချယ်ခံရသည်ဖြစ်စေ၊ မြင်မြင်ချင်းဖြစ်စေ၊ ………….ဖြစ်စေ…….. ဖြစ်စေ… နှလုံးသားနဲ့ခန့်အပ်…….. ငါ့ ဘ၀အရာရာ၊ အရပ်ရပ်ကို နင် သိမ်းပိုက်ပါကွယ်………..ဆက်လက်၍ သံယောဇဉ်များ ဆထက်ထမ်းပိုးတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း…………. နင့်ချစ်မြတ်နှစ်သက်မှုကိုသုံးပြီး ငါ့ကောင်းကင်ကို မြှင့်တင်ပေးပေါ့……. ဘယ်လိုသမိုင်းတွေပဲရှိခဲ့…..ရှိခဲ့……. အောင်နိုင်သူ မှန်စတမ်းလောကမှာ……. အတိတ်ရိုင်းတွေကို ငါတို့ နယ်မြေသစ်အဖြစ် ပြောင်းလဲပစ်ကြမယ်လေ…….. တတ်နိုင်ရာ မေတ္တာတရားနဲ့ပဲ တို့တွေကြွယ်ဝနိုင်ပါရဲ့………… ချစ်သူရေ………. နီးလာလေ………. ကြားတိုးလေရိပ် ပိုကြမ်းလေကွဲ့ တခါခါမှာ လက်တစ်ကမ်းအလိုမှ ဝေးတတ်ရပြန်မယ်၊ ထောင့်ငါးရာအထက်မှာ ဘယ်သူရှိနေသလဲ…….. ငါးရာနှစ်ဆယ့်ရှစ်အောက်မှာ ဘယ်သူရပ်နေလေသလဲ……….. စစ်စစ်ပေါက်ပေါက်လျှောက်တွေးနေရင်……. လက်တစ်ကမ်းလွန်ခါမှ ဝေးတွေငေးဝေ၊ ၀တ်မှုန်ရေ……….. ငိုင်ငေးတွေဝေမှု ပပျောက်ရေး ငါ နင့်ရှေ့ ဒူးထောက်ပေးပါ့မယ်၊ …….အဲ့ဒီနေ့အမှတ်တရအဖြစ် ပန်းအက္ခရာတွေကို ငါတို့စုပေါင်းစိုက်ပျိုး……….တိတ်တခိုးလေး တခါခါမှာ နင့်ကိုငါ လေးစားမြတ်နိုးပါရဲ့ကွယ်၊ ယုံကြည်မှုလို့ ပြောဖူးတာပဲ၊ မျက်ဝန်းတဝေ့၊ ခေါင်းတလှည့်မှာ ဘယ်လိုအချက်အလက်မျိုးကြောင့်မှ နင် မယိမ်းယိုင်လိုက်နဲ့ အိပ်မက်မဟုတ်တဲ့ မနက်ဖြန်နေ့မှာ ငါ နင့်ကို အလုံးစုံကာကွယ်စောင့်ရှောက်မှာပေါ့….၀တ်မှုန်……. မမီမကမ်းလှမ်းဝံ့သူ့အိပ်မက်ကို မယုံဝိုးဝါး၊ အင်းလေ၊ ခူးပြီးခပ်ပြီးမဟုတ်တော့ အဆိုပါအိပ်မက် ဘယ်သူမှ အလွတ်ကျက်ပြန်ရွတ်ကြမှာမှ မဟုတ်ဘဲလေ…… အစဉ်အလာမကျတဲ့ဖြစ်စဉ်တွေကို အမှောင်ချထားသလိုမျိုး အိပ်မက်က မနက်မှာမေ့သွားကောင်းသွားနိုင်ပါတယ် လက်တစ်ကမ်းအလွန်မှာမှ မြူဝေဖုံးဝါး တတိယစကားသံတွေ ကြားကြမယ်ဆို ငါ့မျက်ဝန်းမှာတော့ နင်က နင်ပါပဲ……. ၀တ်မှုန် ဘယ်သူတွေက ဘယ်လို ဖောက်ဖျက်နေကြစေ… နင်က နင်ပါပဲ…ချစ်သူ……. မပြောကောင်းပြောကောင်း ထောင့်ငါးရာအထက်မှာ တစ်ခုခုရှိခဲ့ရင်တောင် နင်ကနင်ပါပဲ……. တစ်ခြားသူတွေနဲ့မတူတဲ့ နင်ပါပဲ……… ထင်ရာမြင်ရာဝါးလုံးနဲ့သိမ်းရမ်းရင်တော့ ငါ့ကိုပါထည့်သွင်းထိမှာပေါ့လေ…. မပြည့်မ၀နဲ့ရွာချရတဲ့ မိုးတိမ်မို့ ဖွဲဖွဲလေးဖြစ်နေပါဦးမယ်၊ မိုးသည်းတွေမိမှ ဖျားမယ်ဆိုရင်တော့ အမိုးအကာအောက်မှာနေပါ၊ ရေကိုကျိုချက်သောက်ပါ ငါ………… က တစ်ခြားနဲ့မတူတဲ့ကောင် မိုးလုံးပြည့် အချစ်ဝါဒတွေပိုက် အမှားပြင်ဆင်ချက် ဘုန်းသန့်ခန့်ဟုဖတ်ရှူ့ပါရန် A012503JUL12+6:30MMR (သတင်းတစ်ခုကြားတယ်….. သူငယ်ချင်းတစ်ယောက်ရဲ့ ချစ်သူမလေးက လက်တစ်ဖက်ပြည့်လုလုနှစ်တွေထိဖြည့်ခဲ့တဲ့ သံယောဇဉ်ကို လက်တစ်ဝက်လအတွင်းမှာ ငိုပြတဲ့ ရောက်ကြားတရောက် အတွက် မေ့သွားတယ်တဲ့၊ အထူးသတင်းတော့မဟုတ်ဘူး…… စကားလုံးတွေထွက်စေတဲ့ သတင်း၊ လူတော်တော်များများကလည်းမိုးသည်းမှ ထီးဆောင်းချင်ကြတာကိုး၊ မိုးဖွဲတွေကို ဂရုမထားဝံ့ကြဘူးလေ။၁၆၊၇၊၂၀၁၂) |
Author
|