ဘာလို့များလေလဲ…. ဒီနေ့လေးမှာမှ ပိုပိုလွမ်းလိုက်တာ။
အိပ်မက်တောက်လျှောက်သွားတာတောင် မမောနိုင်ပါဘူး…။ ဟိုးပုံရိပ်တွေပြန်မြင်ရင်း….. ငါတို့ သူငယ်ချင်းနှစ်ယောက်လို ဖူးပြီး ချစ်သူတစ်စုံအဖြစ် မွှေးပျံသင်းသင်းပွင့်ပစ်လိုက်တာ.. နေလုံးနီနီကြီးတစ်ပတ်တောင် ကြာကြာကျော်ခဲ့ပေါ့။ လွမ်းတယ်ကွယ်၊ ဘာမှ မပြောခိုက်မှာတောင် ဒီစကားတော့ ကြားပေးပါ။ မိနစ်ကိုးဆယ်လောက်ပြန်ရဖို့ကို စိတ်မျှော်ထင့်ထင့်စောင့်နေရသူ… ငါလေ…………………………………… ပင့်ကူမျှင်တွေကြားက ပိုးကောင်ငယ်ငယ်လို တွေးရင်းနစ်ရင်း……. ကျစ်ထားတဲ့ ကြိုးလေး ခိုင်ပါစေကြောင်း…… ခိုင်ထားသော ကြိုးလေး မြဲပါစေကြောင်း…… မြဲထားသော ကြိုးလေးရေ………… လင်းတလွင့်လွင့်လွမ်းလို့ ကြိုးကြာလေးတွေအကြောင်း… ကြယ်ပွင့်လေးတွေအကြောင်း… မင်းလက်လေးကိုင် ထိုင်ကာပြောချင်နေပြီကွယ်။ အသားတကျအဆင်မပြေမှုတွေနဲ့ သက်ပြင်းလှိုက်နေထိုင်လှုပ်ရှား ချစ်သူ……. မင်းက ငါ့သမိုင်းရဲ့ တိုးတက်မှုမှတ်တမ်းပုရပိုဒ်လေးပါ.. မီးတောက်ကနေစ…. ကိုယ်းကွယ်လာတာ အခုဆို…. နတ်ဘုရားတွေတောင်ဖြစ်ထွန်းနေပြီ… ငါပခုံးပေါ် ကြွေကျမယ့် နဖူးပြင်လေးကို တယုတယလွမ်းမိရဲ့………… မိနစ်ကိုးဆယ်ပြန်တူတဲ့အခါ ပန်းအက္ခရာတွေအကြောင်း ငါပြောပြရင် ခေါင်းလေးငုံလို့ မပုန်းပါနဲ့ကွယ်။ ဘုန်းသန့်ခန့် P100022FEB10FRE-AUSI
0 Comments
မခိုဘူးဆိုရင်တောင် မိုးပေးချင်ခဲ့သူ
ဒီမိုး စွတ်စိုရွဲတွေကြား…… ထီးလေးကိုင် မတ်မတ်ရပ် မိုးတိတ်ဖို့ဆုတောင်းရမှာလား။ နေထွက်ဖို့ဆုတောင်းရမှာလား။ ချစ်သူရေ…. ငါက ထီးလေးကိုင် မိုးစက်ကြား … မင်းက ရပ်စောင့်မျှော် နေပူတောက်တောက်ကြား မှန်မြတ်ရပ်ကာ….. ငါတို့ စောင့်တော့စောင့်နေကြတယ်။ ကကြီးကနေ..ဟိုး ကမ္ဘာအသင်္ချေထိ တွက်ရင်…. ငါတို့ ဝေးနေရတာ ခဏလေးပေါ့…လေ၊ မနက်ဖြန်ဆိုရင် ငါတို့ ပြန်ဆုံဖို့ တစ်ရက်နီးလာမယ်၊ သဘက်ခါဆို ငါတို့ ပြန်ဆုံဖို့ နှစ်ရက်နီးလာမယ်၊ ဒီလိုပဲ ရေတွက်လိုက်ပါကွယ်။ လွမ်းတဲ့အခါ တိတ်တိတ်လေး.. မင်းအကြောင်းပြန်တွေးလိုက်တာနဲ့ ငါ့ရင်ခွင်လေးနွေးလို့၊ ဖြေးဖြေးလေးပြုံးနိုင်လာတယ်။ ချစ်သူ… မင်းဟာ.. ငါ့အတွက် ဂျိုကာရုပ်လေးဖြစ်ရဲ့… တစ်ခါတစ်ခါ.. သိပ်ဆိုးနွဲ့တတ်တဲ့ ညီငယ်မလေး.. တစ်ခါတစ်ခါ.. တည်ငြိမ်သွန်သင်တဲ့ အမကြီးဟန်နဲ့… တစ်ခါတစ်ခါကျတော့… ချစ်ယုယဖို့ကောင်းတဲ့ ကလေးငယ်ငယ်လိုမျိုး…. အိပ်ပါကွယ်… ကိုယ့်ပခုံးထက်မှာ မင်းဆံနွယ်လေးတွေသာ ၀ဲကျထိခွင့်ရှိတာပါ။ မျက်လုံးဝိုင်းဝိုင်းလေးရယ်.... စိတ်ဆိုးတယ်ဆိုရင် ပြုံးပြီးစကားမပြောဘဲမနေနဲ့.. ကိုယ့်မှာ ကျယ်ကျယ်လောင်လောင်ကျဉ်းကျပ်လို့ပါကွယ်။ ကိုယ့်လက်မောင်းကို ဆတ်ဆတ်ကိုက် ပြီးရင်.. ပြန်ခေါ်ကြမယ်လေ၊ မသိမသာခိုးကြည့်ရင်း တစ်ယောက်စအခေါ်စောင့်ရတာ ကမ္ဘာဆက်တိုက်ကြာလို့ပေါ့…. တစ်ခါတစ်ခါ.. ငါတို့ဟာ မတည့်အတူနေ သူငယ်ချင်းနှစ်ယောက်လည်းဖြစ်တယ်။ တစ်ရက်တစ်ရက်နဲ့ ပြန်နီးဖို့နီးကပ်လာနေပေါ့… တွေးမိတိုင်းအခါခါ ပျော်မိလာတယ်.. သဘက်ခါအလွန်ရောက်ဖို့… ပြက္ခဒိန်အကြောင်းကို ခဏမေ့ထားရင်း… ငါတို့ ဆုံစည်းကြဖို့ ရက်တွေသိပ်နီးနေပြီကွယ်… ဘုန်းသန့်ခန့် သဲလေးဖို့….. ချစ်သူများနေ့……….. အမှတ်တရ………. :-* ဝေးကွာနေသော ချစ်သူတိုင်း ပြန်နီးဖို့………….. ငါက တအားမျှော်လင့်တတ်သူဖြစ်တယ်...
အိပ်မက်တွေရယ်.. ကောင်းကင်ပြာပြာရယ်.......... အရာရာရယ်ပေါ့........... ဒူးထောက်ထားလို့...ပါတဲ့ ငါ့လက်လည်းမြှောက်ခဲ့ပါတယ်။။ လေးမြားကို ချ ........... ငါလက်လည်းမြှောက်ခဲ့ပါတယ်.... တော်ရုံတန်ရုံပေါ့ကွယ်....အရာရာမှာ ....... ငါခါးပါတာများပြီလား....... မြယာပင်ကြီးကို မေးချင်ပါတယ်... သိုးဆောင်းဂစ်တာတစ်လက်ရဲ့မှတ်တမ်းမှာ ငါ့ကို ရေးပေးပါ။ ငါ ခါးပါတယ်... မ၀ါးပါနဲ့.... ထွေးမယ့်ထွေး အခုထွေးပါ... ဒါမှမဟုတ် နွေးအောင်ထွေးပါ.. တင်းကျပ်ရုံတင်ဆို ငါ ... အော်ငိုတတ်တယ်။ အဲဒီလိုနဲ့ပဲ ငါက လျှော့ပေးလိုက်ပါ့မယ်။ အမှားတစ်စက်တောင် မတင်အောင် နေပေးနိုင်ခဲ့ပေမယ့်... သံသယမျက်ဝန်းတစ်စက်တောင် မတင်အောင် နေပေးနိုင်ခဲ့ပေမယ့်..... ငါက မတိုးတက်သူဖြစ်တယ်။။ သိပ်ပြီးရှေးရိုးဆန်ခဲ့လိမ့်မယ်။။ ငါ့မှာလည်း သိပ်ခင်မိသူရှိပါတယ်...။ စည်းသပ်သပ်မကအောင်ကို တားပေးထားလိုက်တာများ.. ဘယ်သူ့အတွက် ငါ့ ကိစ္စတွေကို အသေးအမွှားဖြစ်စေခဲ့တာလဲ။ တစ်ချို့တွေက ပြောဖို့မလိုဘူး..။ တစ်ချို့တွေက .... တစ်ချို့တွေက... ဒီလိုနဲ့ မြရာပင်တစ်ရုံလုံးတုန်အောင်... ငါ................ မီးတောက်ရစ်သမ်..ကို အပြန်ပြန်ဖတ်... တစ်ခါတစ်ခါ သိပ်ကို..ငါ အမှောင်လက်ချောင်းတွေနဲ့ ဆောက်လိုက်တဲ့တိမ်...တွေ မိုးလိုသွန်းသွန်းဖြိုးရွာ........ ငါ ထီးပိတ်ပြီး မိုးထဲရပ်နေမိတယ်။ ဘုန်းသန့်ခန့် |
Author
|